Digital Hate Montly Reports

The spread of hate speech and misinformation on social media and other communication channels in Myanmar exacerbates ethnic, religious, and political tensions, increasing conflicts within communities. This report systematically monitors hate speech that occurred in Myanmar during November 2025, analyzing their main sources, patterns of dissemination, vulnerable social groups, and potential impacts.

မြန်မာနိုင်ငံအတွင်း ဆိုရှယ်မီဒီယာနှင့် အခြားဆက်သွယ်ရေးလမ်းကြောင်းများပေါ်တွင် အမုန်းစကား (Hate Speech) များ၊ သတင်းတုသတင်းမှားများ ပျံ့နှံ့မှုသည် လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတင်းမာမှုများကို ပိုမိုအားကောင်းစေပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပဋိပက္ခများ မြင့်တက်လာစေနိုင်သည်။ ဤအစီရင်ခံစာသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော အမုန်းစကားများကို စနစ်တကျ စောင့်ကြည့်လေ့လာကာ ၎င်းတို့၏ အဓိက အရင်းအမြစ်များ၊ ပျံ့နှံ့မှုပုံစံများ၊ ထိခိုက်နိုင်ခြေရှိသော လူမှုအုပ်စုများနှင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ဆန်းစစ်ထားပါသည်။

The study focuses on widely used social media platforms, including Facebook, TikTok, and Telegram, examining content that promotes violence and incitement, ethnic and religion based insults, and politically charged criticism. In addition, the report provides recommendations for legal, technological, and community-based measures necessary to prevent and mitigate these hate speech networks.

ဤလေ့လာမှုတွင် ဖေ့စ်ဘုတ် (Facebook), TikTok, တယ်လီဂရမ် (Telegram) အပါအဝင် လူသုံးများသော ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုဆိုင်ရာ အကြောင်းအရာများ၊ လူမျိုးရေးနှင့် ဘာသာရေး အခြေပြု စော်ကားမှုများ၊ နိုင်ငံရေးအရ ပြင်းထန်သော ဝေဖန်မှုများကို အဓိကထား လေ့လာထားပါသည်။ ထို့အပြင် ဤမုန်းတီးရေးစကားဝိုင်းများကို တားဆီးကာကွယ်ရန် လိုအပ်သော ဥပဒေရေးရာ၊ နည်းပညာဆိုင်ရာနှင့် လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဖြေရှင်းနည်းများကိုလည်း အကြံပြုထားပါသည်။

The report also highlights how hate speech evolved in November in connection with Myanmar’s current political, economic, and social conditions. The information is intended to serve as a reference for peacebuilders, media professionals, policymakers, and civil society organizations.<

နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အခြေအနေများနှင့် ဆက်စပ်ကာ အမုန်းစကားများ ပြောင်းလဲလာပုံကို ဤအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဤအချက်အလက်များသည် ငြိမ်းချမ်းရေး တည်ဆောက်သူများ၊ မီဒီယာလုပ်သားများ၊ မူဝါဒချမှတ်သူများ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် အသုံးဝင်သော ကိုးကားချက်တစ်ခု ဖြစ်စေရန် ရည်ရွယ်ပါသည်။