Skip to main content
 
Support our workStand with every
community in Burma
Donate →
Report 20 August 2019

39th session of the Human Rights Council (10 - 18 September 2018)

လူ့အခွင့်အရေး ကောင်စီ Human Rights Council ၃၉ ကြိမ်မြောက် အစည်းအဝေး

1,853 views
Share FacebookXWhatsApp

(စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အထိ၊၂၀၁၈ ခုနှစ်)

Agenda item 4

 
မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော
နိုင်ငံတကာ အချက်အလက် ရှာဖွေရေး
မစ်ရှင်၏ အသေးစိတ်
တွေ့ရှိချက်များအပေါ် အစီရင်ခံစာ


ဤအစီရင်ခံစာ မှတ်တမ်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၃၉ ကြိမ်မြောက် အစည်းအဝေးတွင် တင်သွင်းခဲ့သော မြန်မာပြည်ဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရး မစ်ရှင်၏ အသေးစိတ် တွေ့ရှိချက် များ အပေါ် အစီရင်ခံစာအား တရားမဝင်ဘာသာပြန်ထားခြင်းဖြစ်ပါသည်။ ဤတွင် ဘာသာပြန်ဆိုချက်နှင့် အဓိပ္ပယ်ဖွင့်ဆိုချက်များ၊ သတ်ပုံများ မှားယွင်းမှုရှီနေပါလျှင် ဘာသာပြန်အဖွဲ့၏ တာဝန်သာဖြစ်ပါသည်။ မိမိတို့အနေဖြင့် တိုင်းရင်းသားများနှင့် အဖွဲ့အစည်းများ၏ နာမည်များ၊ ကျေးရွာ မြို့အမည်များကို အတတ်နိုင်ဆုံး၊ အနီးဆုံး ဖြစ်အောင်ကြိုးစားခဲ့သော်လည်း လွဲချော်မှုများ ရှိနေပါက မိမိတို့အားနည်းချက် အဖြစ် နားလည်၍ ဖြည့်စွက် ဖတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အချို့သော စကားလုံး / အခေါ်အဝါ်များမှာ မြန်မာစကားလုံး အသစ်တီထွင်ထားသကဲ့သို့ ဖြစ်နေသောကြောင့် နားလည်ရခက်သည်ဆိုလျှင်လည်း မိမိတို့ အားနည်းချက်ဖြစ်ကြောင်း ထပ်ဆင့် ဝန်ခံအပ်ပါသည်။
(ဘာသာပြန်အဖွဲ့)

ကောင်စီ၏ အာရုံစူးစိုက်မှုအား လိုအပ်သည့် လူ့အခွင့်အရေး အခြေအနေများ

အနှစ်ချူ ပ်

လူ့အခွင့်အရေး ကောင်စီအနေဖြင့် ၎င်း၏ဆုံးဖြစ်ချက် ၃၄/၂၂ အရ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေး မစ်ရှင်ကို ဖွ့ဲစည်းတည်ထောင်ခဲ့ပါသည်။ ပေးအပ်ထားသော လုပ်ပိုင်ခွင့် အရ မစ်ရှင်အနေဖြင့် ၂၀၁၁ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့သော ကချင်၊ ရခိုင် နှင့် ရှမ်းပြည်နယ် ရှိ အခြေအနေများကို ဦးတည်အာရုံထားခဲ့ ပါသည်။ ၎င်းအနေဖြင့် လွတ်လပ်စွာ ထုတ်ဖေါ်ခွင့်၊ စုရုံးခွင့်နှင့် ငြိမ်းချမ်းစွာ ဖွဲ့စည်းခွင့်များအပေါ် ချိူးဖေါက်မှုများ အပြင် အမုန်းစကားများအပေါ် မေးခွန်းများကိုလည်း စုံစမ်းစစ်ဆေးခဲ့ပါသည်။ မစ်ရှင်အနေဖြင့် နိုင်ငံတကာ လူသားချင်းစာနာမှု ဆိုင်ရာ  ဥပဒေများအပေါ် ပြင်းထန်စွာ ချိုးဖောက်မှုများနှင့် ကချင် ၊ ရခိုင်နှင့် ၊ ရှမ်းပြည်နယ်များရှိ ကြီး မားသောလူ့အခွင့်အရေးနှင့် အလွဲသုံးစားပြုမှုများ၏ တသမတ်တည်း ဖြစ်နေသော ပုံစံများကို ဖေါ်ထုတ်ခဲ့ပါသည်။ ထိုကိစ္စများကို အဓိကကျူးလွန်သူများမှ မြန်မာ့လုံခြုံရေးတပ်ဖွဲ့များဖြစ်ပြီး ပဓာနာကျသူများမှာ စစ်တပ်ဖြစ်ခဲ့ပါသည်။ ၎င်းတို့၏ စစ်စင်ရေးမှာ မူဝါဒများ နှင့် နည်းပရိယာယ်များ အပေါ်တွင် အခြေခံထားခဲ့ခြင်းဖြစ်ပြီး အရပ်သားများအား လက်လွတ်စပယ် ပစ်မှတ်ထားခြင်းများ အပါအဝင် နိုင်ငံတကာ ဥပဒေများအပေါ် လေးစားလိုက်နာရန် အစဉ်တစိုက်ပျက်ကွက်ပြီး ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ 

အခွင့်အရေး ချိုးဖါက်မှု အများအပြားမှာ နိုင်ငံတကာ ဥပဒေအရေ ကြီးမားသော ရာဇဝတ်မှုများအဖြစ်သို့ ရောက်ရှိစေပါသည်။ ပြည်တွင်းအဆင့်၌ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသော အပြစ်ပေးခံရမှုမှ ကင်းလွတ်ခွင့်ရသည့် ယဉ်ကျေးမှု ရှိနေသည့် အချိန်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖြစ်စေနိုင်သော အင်အားသည် နိုင်ငံတကာ အသိုင်းအဝန်း မှ လာရောက်မှဖြစ်တော့မည်။ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးတခုတွင် စစ်ဆေး အရေးယူ နိုင်ရေး အတွက် မြန်မာံတပ်မတော်မှ အဆင့်မြင့် ဗိုလ်ချ ုပ်များအား အမည်နာမ ဖေါ်ထုတ်ပြသခြင်း အပါအဝင် ဤအစီရင်ခံစာ အဆုံးသတ်၌ တိကျသော အကြံပြုချက်များကိုလည်း ဤတင်ပြမှုကဖြစ်စေသည်။

ယခုလက်ရှိမှတ်တမ်းတွင် မစ်ရှင်၏ အသေးစိပ် တွေ့ရှိချက်များ ပါဝင်ပါသည်။ ၎င်း၏ အဓိကကျသော တွေ့ရှိချက်များနှင့် အကြံပြုချက်များကို A/HRC/39/64 မှတ်တမ်းတွင် ရှာဖွေတွေ့ရှိနိုင်ပါသည်။ အစဆုံး ဘာသာပြန် PDF File ကို သက်ဆိုင်ရာမူရင်း website ဖြစ်သည့် https://progressivevoicemyanmar.org တွင် ဖတ်ရှုရနိုင်သလို Copy PDF အား အောက်ဖေါ်ပြပါ PDF File Link မှလည်းရယူဖတ်ရှုနိုင်ပါသည်။

Follow BHRN

Get our latest press releases and reports.

More reports

All reports →