This report was compiled by monitoring online and print media used by the military junta and its supporters to disseminate hate speech. During July 2026, BHRN conducted a monitoring exercise with the following results:
- Facebook: monitored 3 groups, one page, and 13 accounts; identified 68 incidents of hate speech.
- Telegram: Monitored 24 Channels; identified 28 incidents of hate speech.
- TikTok: Monitored 24 Accounts; identified 18 incidents of hate speech.
- Print Media: Monitored 2 newspapers and 1 journal.
In total, 114 instances of misinformation/disinformation and hate speech were documented during May. The findings are presented using tables, graphs, and clear descriptive text. This report further analyses the root causes and impacts of hate speech and offers recommendations for prevention and mitigation. Due to significant limitations in achieving comprehensive coverage of the entire social media landscape, there may be undocumented incidents of hate speech that fall outside the scope of this report.
အမုန်းစကားများ ဖြန့်ဝေရန်အတွက် စစ်အစိုးရနှင့် ထောက်ခံသူများ အသုံးပြုနေသည့် အွန်လိုင်းနှင့် ပုံနှိပ်မီဒီယာတို့ကို စောင့်ကြည့်ခြင်းဖြင့် ဤအစီရင်ခံစာကို စုစည်းထားပါသည်။ အထူးသဖြင့် BHRN သည် ၂၀၂၆ခုနှစ် ဇူလိုင်လ တွင် Facebook group ၃ ခု Page ၁ ခု နှင့် Facebook Account ၁၃ ခု စောင့်ကြည့်မှုတွင် အမုန်းစကားတွေ့ရှိမှု ( ၆၈ ) ခု ၊ Telegram Channels ၂၄ ခု မှ အမုန်းစကားတွေ့ရှိ မှု ( ၂၈ ) ခု ၊ Tik Tok account ၂၄ ခုစောင့်ကြည့်ရာတွင် အမုန်းစကားတွေ့ရှိမှု ( ၁၈ ) ခုကို တွေ့ရှိခဲ့ရသည်။ ပုံနှိပ်မီဒီယာ စောင့်ကြည့်မှု အနေဖြင့် သတင်းစာ ၂ စောင် နှင့် ဂျာနယ် ၁ စောင် တို့ကို စောင့်ကြည့်ခဲ့ပါသည်။
ဇူလိုင်လအတွင်း အမုန်းစကားလေ့လာစောင့်ကြည့်မှုတွင် သတင်းတုသတင်းမှားများ၊ အမုန်းစကားဖြန့်ဝေမှု ( ၁၁၄ ) ခုကို မှတ်တမ်းတင်ခဲ့သည်။ ရလဒ်များကို တင်ပြရာတွင် သုတေသနရလဒ်များကို ဇယားများ၊ ဂရပ်များနှင့် ရှင်းလင်းသော စာသားများဖြင့် တင်ပြမည်ဖြစ် သည်။ အမုန်းစကားများ၏ အဓိကအကြောင်းရင်းများ၊ သက်ရောက်မှုများနှင့် ကာကွယ်တားဆီးရန် နည်းလမ်းများကို အကြံပြုချက်များနှင့်အတူ တင်ပြမည်ဖြစ်သည်။ ဆိုရှယ်မီဒီယာတခုလုံးကို လွှမ်းခြုံနိုင်သည့် လေ့လာစောင့်ကြည့်မှုမျိုးကို လုပ်ဆောင်ရန်အတွက် အကန့်သတ်များစွာရှိသဖြင့် မှတ်တမ်းမတင်နိုင်သည့် အမုန်းစကားဖြစ်စဉ်များလည်း ရှိနိုင်ပါသည်။
Key Findings
1. Targeted Groups
- Religious and Ethnic Minorities: Racial persecution of the Rohingya persists through false allegations labelling them as "illegal immigrants from Bangladesh."
- Muslim: Similarly, the broader Muslim community is targeted with religious insults and derogatory slurs, such as "Kalar" and "Pork-abstainers" (Whet-ma-sar), intended to dehumanise and demean.
- Women & LGBT People: Hate speech targeting women frequently employs dehumanising language, sexual harassment, and the exposure of personal information to damage their reputations and social standing.
2. Methods of Disseminating Hate Speech and Misinformation/ Disinformation
- Social Media: Hate speech targeting Muslims and Rohingya people is disseminated across social media platforms such as Facebook, TikTok, and Telegram in various formats, including posts, videos, and cartoons, promoting ethnic, religious, and political hatred.
- Disinformation and Misinformation: The deliberate spread of fabricated news to create suspicion among the general public.
3. Impacts
The prevalence of these campaigns has led to significant societal consequences:
- Threats to Safety and Dignity: Beyond the psychological impact of online harassment, women and activists face severe threats to their physical safety and personal dignity.
- Obstruction of Peacebuilding: The persistent fueling of racial and religious hatred serves as a major barrier to peacebuilding efforts and a stable democratic transition in Myanmar.
အဓိက တွေ့ရှိချက်များ
1. ပစ်မှတ်ထားခံရသော အုပ်စုများ
- အစ္စလာမ်ဘာသာဝင်များအား အစ္စလာမ်မစ်အကြမ်းဖက်၊ ကုလား၊ ဝက်မစား ကဲ့သို့သော အရေးအသားများရေးသား၍ ခွဲခြားနှိမ့်ချ ဘာသာရေးအရ စော်ကားရေးသားမှုများ ပြုလုပ်ခြင်း။
- ရိုဟင်ဂျာလူမျိုးများအား ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်သူများအဖြစ် “ ခိုးဝင်ဘင်္ဂလီ ” “ လူမျိုးလိမ်" "ရိုဂလိမ်" ဟူ၍ အပြစ်သားများ အဖြစ်ပုံဖော်ရေးသား စွပ်စွဲမှုများ ဆက်တိုက်ပြုလုပ်ရေးသား တိုက်ခိုက်မှုများ ။
- အမျိုးသမီးများနှင့် LGBT များအပေါ် ဦးတည်ပစ်မှတ်ထား ရေးသားကြသည့်အမုန်းစကားများတွင် လူအဖြစ်မှ နှိမ့်ချသုံးနှုန်းရေးသားထားမှုများအပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း၊ ကိုယ်ရေးကိုယ်တာအချက်အလက်များ ထုတ်ဖော်ခြင်းနှင့် ဂုဏ်သိက္ခာကျဆင်းစေသော စွပ်စွဲချက်များ ပြုလုပ်ခြင်း။
2. အမုန်းစကား၊ သတင်းတုသတင်းမှားများ ဖြန့်ဝေသည့် နည်းလမ်းများ
- ဆိုရှယ်မီဒီယာ (Facebook, TikTok, Telegram) များပေါ်တွင် အစ္စလာမ်ဘာသာဝင်များနှင့် ရိုဟင်ဂျာလူမျိုးများအား လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ အမုန်းစကားများအား ပို့စ်များ၊ ဗီဒီယိုများ၊ ကာတွန်းများအဖြစ် အသွင်မျိုးစုံ ဖြန့်ဝေခြင်း။
- သတင်းတုများဖြန့်ဝေကာ ပြည်သူလူထုအား သံသယကြီးထွားအောင် ဖန်တီးခြင်းများ။
- 3. သက်ရောက်မှုများ
အမျိုးသမီးများ၏ လုံခြုံရေးနှင့် ဂုဏ်သိက္ခာ ထိခိုက်မှု၊ တက်ကြွလှုပ်ရှားသူများအား အွန်လိုင်းနှင့် လက်တွေ့တွင် ခြိမ်းခြောက်နှိပ်စက်မှုများ။ - လူမျိုးရေး ၊ ဘာသာရေး အမုန်းတရားများ ကြီးထွားလာကာ ငြိမ်းချမ်းရေးတည်ဆောက်မှုကို ဟန့်တားခြင်း၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အတားအဆီးဖြစ်စေခြင်း။