This report systematically monitors hate speech in Myanmar during April 2026. The aims of monitoring hate speech and misinformation are to document patterns of dissemination, identify vulnerable social groups, and assess potential impacts on specific groups.
This study examines the prevalence of incitement to violence and hate speech across major digital and social media platforms, including Facebook, TikTok, and Telegram. The spread of hate speech, misinformation and disinformation on social media and other various communication channels in Myanmar exacerbates ethnic, religious, and political tensions, fueling communal conflict.
By outlining the evolving trends of hate speech throughout April, in the current political, economic, and social landscape of Myanmar, this study aims to serve as a reference and actionable resource. It is intended for use by peacebuilders, conflict resolution practitioners, media professionals, policymakers, and Civil Society Organisations (CSOs).
ယခုအစီရင်ခံစာတွေ ရေးသားဖော်ပြထားသော တွေ့ရှိမှုများသည် ၂၀၂၆ ခုနှစ် ဧပြီလ အတွင်းတွင် စောင့်ကြည့်မှတ်တမ်းတင်ထားသော အချက်အလက်များဖြစ်သည်။ အမုန်းစကားများ၊ သတင်းတု သတင်းမှားများကို လေ့လာစောင့်ကြည့်ရသည့် ရည်ရွယ်ချက်မှာ ခွဲခြားဆက်ဆံသော စကားများကို ရေးသားသည့်ပုံစံများ၊ အန္တရာယ်ဖြစ်စေနိုင်သည့် ဇာတ်ကြောင်းများနှင့် ပစ်မှတ်ထားခံရကာ ပြောဆိုခံရသည့် လူ့အစုအဖွဲ့အပေါ် သက်ရောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ရန် ရည်ရွယ်ပါသည်။
မြန်မာနိုင်ငံအတွင်း ဆိုရှယ်မီဒီယာနှင့် အခြားဆက်သွယ်ရေးလမ်းကြောင်းများပေါ်တွင် အမုန်းစကား (Hate Speech) များ၊ သတင်းတုသတင်းမှားများ ပျံ့နှံ့မှုသည် လူမျိုးရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတင်းမာမှုများကို ပိုမိုအားကောင်းစေပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပဋိပက္ခများ မြင့်တက်လာစေနိုင်သည်။ ဤလေ့လာမှုတွင် ဖေ့စ်ဘုတ် (Facebook), TikTok, တယ်လီဂရမ် (Telegram) အပါအဝင် လူသုံးများသော ဆိုရှယ်မီဒီယာပလက်ဖောင်းများပေါ်ရှိ အကြမ်းဖက်မှုနှင့် လှုံ့ဆော်မှုဆိုင်ရာ အကြောင်းအရာများ၊ လူမျိုးရေး နှင့် ဘာသာရေး အခြေပြု စော်ကားမှုများ၊ နိုင်ငံရေးအရ ပြင်းထန်သော ဝေဖန်မှုများကို အဓိကထား လေ့လာထားပါသည်။
ဧပြီလအတွင်း မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေအနေများနှင့် ဆက်စပ်ကာ အမုန်းစကားများ ပြောင်းလဲလာပုံကို ဤအစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ဤအချက်အလက်များသည် ငြိမ်းချမ်းရေး တည်ဆောက်သူများ၊ မီဒီယာလုပ်သားများ၊ မူဝါဒချမှတ်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် အသုံးဝင်သော ကိုးကားချက်တစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။