A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ကြီးမှူးကျင်းပခဲ့တဲ့ဒုတိယအကြိမ်ပြည်သူ့ညီလာခံကို ပြီးခဲ့တဲ့ ဧပြီလ ၄ရက်နေ့မှ ၈ ရက်နေ့အထိကျင်းပခဲ့ပြီး ညီလာခံမှာ စစ်အာဏာရှင်နေဝင်း ရေးဆွဲခဲ့တဲ့ လူနည်းစုလူမျိုးများနှင့် လူနည်းစုဘာသာဝင်များအပေါ် ဖိနှိပ်ခွဲခြားထားပြီး အာဏာရှင်ဆန်ဆန်ရေးဆွဲခဲ့တဲ့ ဖက်ဆစ်ဥပဒေကို ဖျက်သိမ်းဖို့ CRPH၊ NUG ၊ NUCC အပါအဝင် တက်ရောက်ဆွေးနွေးခွင့်ရခဲ့တဲ့ နိုင်ငံရေးအစုအဖွဲ့အားလုံး တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ပေမယ့် အကောင်အထည်ဖော်ဖို့ ကြန့်ကြာနေတာကြောင့်
ဒီတစ်ပတ် BHRN ရဲ့စကားဝိုင်းဆွေးနွေးပွဲမှာ
“၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းရန် ပြည်သူ့ညီလာခံဆုံးဖြတ်ချက် အကောင်အထည်ဖော်ဖို့ ဘာ့ကြောင့်ကြန့်ကြာနေရသလဲ?” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲကို
၂၀၂၀ ရွေးကောက်ခံကိုယ်စားလှယ်
Dr.Bio
နိုင်ငံရေးသုတေသီတစ်ဦးဖြစ်တဲ့
ကိုမိုးထက်နေ
(ဉာဏ်လင်းသစ် သုတေသနအဖွဲ့)
နိုင်ငံသားအခွင့်အရေးကျွမ်းကျင်သူ လူ့အခွင့်အရေးသုတေသီ
မမေ
(BHRN)
တို့က မတူညီတဲ့ရှု့ထောင်အမြင်သုံးသပ်ချက်များကို တင်ပြဆွေနွေးသွားကြမှာပဲဖြစ်ပါတယ်။
Moderator အဖြစ်
ကိုဟယ်ရီ
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် မေလ ၃၀ ရက် (ကြာသပတေးည)
6:00 PM (YGN Time)/
6:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပါတယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar, GSCN တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာ
ဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #BHRN













