A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အကြမ်းဖက်အာဏာလု စစ်အုပ်စုသည် နှစ်ပေါင်း ၇၀ကျော် ၈၀ နီးပါး ပြည်သူ့အာဏာကို အတင်းအဓမ္မရယူသိမ်းပိုက်ခဲ့ပြီး မိမိတို့အာဏာကို ထိပါးလာတော့မည့်အရေးကြုံရတိုင်း လူမျိုးရေး၊ ဘာသာရေးမှိုင်းများဖြင့် ပြဿနာများကိုဖန်တီးကာ မိမိတို့သည်သာလျှင် အမျိုး၊ ဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ဟန်ဆောင်ပုံဖော်ကာ ရိုးသားသည့်အရပ်သားပြည်သူများကို လူနည်းစုလူမျိုးများနှင့် သင်းခွဲသပ်သျှိုကာ အမုန်းတရားမှိုင်းတိုက်ခဲ့သည်။
ယင်းကဲ့သို့ ဟန်ဆောင်ကောင်းခဲ့သော မျက်နှာဖုံးများအား ၂၀၀၇ ရွှေဝါရောင်သံဃာတော်များက တစိပ်တစ်ဒေသ ဆွဲချွတ်နိုင်ခဲ့ပြီး ၂၀၂၁ နွေဦးတော်လှန်ရေးကာလတွင်လည်း စုံလင်ကွဲပြားသော လူမျိုး၊ ဘာသာ၊အတွေးအခေါ်၊ လူနည်းစုဝင် မျိုးနွယ်စုများက အပြီးတိုင်ခွာချွတ်နိုင်ရန် ကြိုးစားလျက်ရှိရာ အကြမ်းဖက်စစ်အုပ်စု၏ မိမိတို့အား တော်လှန်ဆန့်ကျင်နေကြသော လူမျိုးဘာသာ၊ အယူဝါဒအစုံမှ ဘာသာရေးခေါင်ဆောင် သာသနာဦးစီးဦးရွက်ပြုနေသူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ သာသနိကအဆောက်အဦများကို မြေပင်ကတစ်မျိုး၊ ဝေဟင်ကတစ်ဖုံ တိုက်ခိုက်ဖျက်ဆီးခြင်းအပြင် ဝင်းနိမ္မိတာရုံဆရာတော်ပျံလွန်တော်မူခဲ့ရသည့်ဖြစ်စဉ်ကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အကြမ်းဖက်စစ်တပ်၏ ဟန်ဆောင်မျက်နှာဖုံး အလုံးစုံကွာကျလာခဲ့ပါသည်။ ယင်းဖြစ်ရပ်များကပင် အကြမ်းဖက်စစ်တပ်၏ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံအပေါ် ယုတ်မာရက်စက်နေမှုများ နှင့် ဘာသာရေးကို လိုသလိုအသုံးချနေမှုအား မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်ကြောင်း ဒီတပတ်ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ ဆွေးနွေးကြမည့် ဘာသာပေါင်းစုံမှ ဆရာတော်သံဃာတော်များဖြစ်သည့်
ဆရာတော်ဦးကောဝိဒ
(ဂျာမနီ)
ဆရာတော်မင်းသုည
(ဗုဒ္ဓတက္ကသိုလ်)
Pastor Lian Lam Tuang
မော်လဝီဆရာဦးစိုးနေဦး(BHRN)တို့က
ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပြီး
Moderators အဖြစ်
အရှင်တေဇာနန္ဒ (တန့်ဆည်)က ပြုလုပ်သွားမှာဖြစ်ပါသည်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်(အင်္ဂါနေ့ည) 7:00 PM (Ygn Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်သည်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်သည့် Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာ ဖြစ်ပါသည်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
(သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork













