A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံမှာ အခြေခံလူအခွင့်အရေး စံချိန်စံညွှန်းတွေနဲ့မကိုက်ညီသလို နိုင်ငံတကာမှာလည်း နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းရမယ့်ဥပဒေအဖြစ် ညီလာခံကိုယ်စားလှယ်တွေက သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။
အာဏာရှင်နေဝင်းရဲ့ လူမျိုးရေးမုန်းတီးမှု၊ လူမျိုးကြီးဝါဒကျင့်သုံးမှုနဲ့ အမျိုးသားရေးအစွန်းရောက်ဝါဒအမွေဆိုးဖြစ်တဲ့ ၈၂ နိုင်ငံသားဥပဒေ ဖျက်သိမ်းဖို့ကို ပြည်သူ့ညီလာခံက ဆုံးဖြတ်လိုက်တာဟာ လက်ရှိတော်လှန်ရေးအပေါ်မှာ အကျိုးသက်ရောက်မှု ဘာတွေရှိနိုင်မလဲ ...။
ဒီဥပဒေရဲ့ အားနည်းချက်က ဘာတွေလဲ၊ လူနည်းစုအသိုင်းအဝိုင်းအတွက် ဘယ်လိုဆိုးကျိုးတွေရှိခဲ့လဲ...။
၈၂ နိုင်ငံသားဥပဒေဖျက်သိမ်းပြီး အသစ်ရေးဆွဲဖို့ အချိန်ဘယ်လောက်ကြာမလဲ...။
တရားမျှတမှု၊ သာတူညီမျှမှုနဲ့ လူ့အခွင့်ရေးဆိုင်ရာ အခြေခံမူတွေကို ကိုင်ဆွဲပြီး ဖက်ဒရယ်စနစ်ကိုသွားမယ့်တိုင်းပြည်အတွက် လူ့အခွင့်အရေးကိုရှေးရှုတဲ့ နိုင်ငံသားဥပဒေအသစ်တစ်ခုပေါ်ပေါက်ဖို့ ဘယ်လောက်ထိ နိုင်ငံရေးအရဖြစ်နိုင်ချေရှိလဲ၊ ဘယ်လို အခက်အခဲတွေ ရှိနိုင်မလဲ...။
စတဲ့ အားလုံးပါဝင်ပြီး ညီညွတ်မျှတ သဟဇာတဖြစ်မယ့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ မျှော်ရည်ပြီး ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို
ဆရာမ ဝေဖြိုးမြင့်
Access Now
ဆရာမ Seng
Secretariat of Myanmar FoRB Network
ကိုဝေယံ
BHRN
တို့က ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ
ကဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် ဧပြီလ ၂၁ ရက်(တနင်္ဂနွေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပါတယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar, GSCN တို့မှာလည်း တပြိုင်နက် Live တင်ဆက်သွားမှာ ဖြစ်ပါတယ်။
- BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork












