A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
လက်ရှိတော်လှန်ရေး အရှိန်အဟုန်မြင့်လာတဲ့ကာလလည်းဖြစ်၊ ပြည်သူတွေရဲ့ စိတ်ဓါတ်ခွန်အားမြင့်တက်လာတဲ့ကာလလည်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကလည်း သူတို့အထိနာလာတာနဲ့အမျှ အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှုတွေကို မီးကုန်ယမ်းကုန် ရမ်းကားနေတဲ့ကာလဆိုလည်း မမှားပါဘူး။
အဆိုပါအခြေအနေတွေနဲ့ ပြည်သူတို့ရဲ့ ရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲစိန်ခေါ်မှုတွေ၊ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်အလက်တွေ၊ စိတ်ဓါတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာတွေကို ဒီတစ်ပတ်ဆွေးနွေးပွဲစကားဝိုင်းမှာ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို
မနှင်းနှင်းမွှေး
-တွဲဖက်အတွင်းရေးမှုး (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
ကိုမင်းသွေးသစ်
- နိုင်ငံရေး တတ်ကြွလှုပ်ရှားသူ
ကိုမိုးထက်နေ
- သုတေသနနှင့်နိုင်ငံရေးအကြံပေး (Nyan Lynn Thit Analytica)
ELENA
- ဥက္ကဌ - အလုပ်အမှုဆောင်ကော်မတီ၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)
တို့က ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၃ခုနှစ် နိုဝင်ဘာ ၂၇ ရက်နေ့ 7:00 (YGN Time)/7:30 (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပါတယ်။ အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar, GSCN နဲ့ မြေလတ်အသံ တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာဖြစ်ပါတယ်။
- BHRN















