A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
လူ့လောက၊ လူ့ကမ္ဘာသာယာဝပြောစေရေးအတွက် အရေးကြီးဆုံးအချက်မှာ လူကိုလူလိုမြင်၍ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားပြီး၊ လူမျိုး၊ ဘာသာ၊ အယူဝါဒ၊
အသားအရောင်၊ အတွေးအခေါ်၊ အမျိုးသား၊ အမျိုးသမီး ဟူသော စုံလင်ကွဲပြားသည့် လူသားတိုင်းရဲ့ ရပိုင်ခွင့်၊ ထုတ်ဖော်ပိုင်ခွင့်၊ ပြဌာန်းပိုင်ခွင့်၊ ကွဲလွဲပိုင်ခွင့်အစရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုရန်၊ အခွင့်အရေးများကို ဖော်ဆောင်ပေးရန်၊ ကာကွယ်ရန်မှာလွန်စွာ အရေးပါလှသော အချက်ပင်ဖြစ်ပါတယ်။
လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြသော လူ့အဖွဲ့အစည်းတိုင်းသည် သာယာအေးချမ်းမှု၊ ဖွံ့ဖြို့တိုးတက်မှုများ ရရှိပိုင်ဆိုင်ခံစားကြရပြီး လူ့အခွင့်အရေး၊ လူ့ရပိုင်ခွင့်တို့အား တားဆီးပိတ်ပင်ကာ အသိအမှတ်ပြုကာကွယ်မှုမရှိသော လူ့အဖွဲ့အစည်းတိုင်းသည် ဆူပူအုံကြွမှု၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများကို ခါးသီးစွာခံစားကြရသည်မှာ လက်တွေ့မျက်တွေ့ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ဒီတစ်ပတ် Burma Human Rights Network ကနေ လူ့အခွင့်အရေးရဲ့ အရေးပါပုံ အနှစ်သာ သိမှတ်ဖွယ်ရာများကို လူ့အခွင်းအရေး ကျွမ်းကျင်သူပညာရှင်များနှင့် ဘာသာရေးခေါင်းဆောင်များက မတူညီတဲ့ ရှုထာင့်များ စုံစုံလင်လင်တင်ပြ ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်ပုဂ္ဂိုလ်များကတော့ ...
ဦးဇင်း သုည
Seng
Secretariat of Myanmar FoRB Network
Ma May
BHRN
ဆရာစိုးနေဦး
BHRN
ဦးဆောင်ဆွေးနွေးကြမှာဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီမျိုးလင်း
က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်(သောကြာနေ့ည) 7:00 PM (Ygn Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပါတယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar, GSCN နဲ့ မြေလတ်အသံ တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာ
ဖြစ်ပါတယ်။
- BHRN
#HumanRightsDay
#BHRN
















