BHRN's Hate Speech Monitoring Team launched its Digital Hate report and held a panel discussion on Zoom, streamed live on the BHRN Facebook page.
Burma Human Rights Network(BHRN)၏ Hate Speech Monitoring Team က စောင့်ကြည့်လေ့လာမှတ်တမ်းပြုထားသော ဒီဂျစ်တယ်အမုန်းစကား အစီရင်ခံစာ မိတ်ဆက်နှင့် ဆွေးနွေးပွဲစကားဝိုင်းကို နိုဝင်ဘာ ၂၃ ရက် (ကြာသပတေးနေ့) မြန်မာစံတော်ချိန် 7:00 PM(ဘန်ကောက်စံတော်ချိန် 7:30 PM)တွင် Zoom ကတဆင့်ပြုလုပ်သွားပါမည်။
လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့ခဲ့သော လူနည်းစု လူမျိုး၊ ဘာသာ၊ အသိုင်းအဝိုင်းများကို ပစ်မှတ်ထားပြီး အမုန်းစကား ဖြန့်ချိမှုများ၊ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးလှည့်ကွက်အနေဖြင့် တော်လှန်ရေးကို အာရုံပြောင်းစေရန် လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ချိခဲ့မှုများအကြောင်း လေ့လာတွေ့ရှိချက်များမှတဆင့် ဆွေးနွေးတင်ပြမည်ဖြစ်ကြောင်း သိရပါသည်။
ဆွေးနွေးပွဲ အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပြီး မိတ်ဖက်မီဒီယာများဖြစ်သည့် Mizzima, Khit Thit Media, Myanmar Press Agency (MPA), Than Lwin Times, Mekhong News, People’s Radio Myanmar နှင့် Federal Journal တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမည်။
- BHRN
#Report_Launch
#BHRN









