A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုထံကနေ မတရားအာဏာသိမ်းပြီးခဲ့ချိန်မှစလို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပေါ်ပေါ်ထင်ထင် ပြောင်ပြောင်တင်းတင်း ဆက်တိုက်ကျူးလွန်လာခဲ့တာဟာ ယနေ့အချိန်ထိပဲ ဖြစ်ပါတယ်။
ဒီလို အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ ရက်စက်မှု၊ လူမဆန်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတဝန်းက ပြည်သူလူထုကြီးဟာ ခါးစည်းခံနေရပါတယ်၊ အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားတဲ့ အမိန့်အာဏာယန္တရားကို ပြိုပျက်ဖို့ ကြိုးပမ်းသူ တော်လှန်ရေးအင်အားစုတွေကိုတော့ စစ်ကောင်စီတပ်တွေနဲ့ စစ်တပ်လက်ကိုင်တုတ် အာဏာပါးကွပ်သားတွေဟာ ပိုမိုပစ်မှတ်ထား ရက်စက် ညှင်းပမ်း နှိပ်စက်သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ မတရားမှု၊ လူမဆန်မှု၊ ရာဇဝတ်မှုအမြောက်အများကို ခါးစည်းခံနေကြရတဲ့အထဲမှာ အညာဒေသဟာလည်း အခြေအနေအဆိုးဆုံးဒေသများထဲ တစ်ခုပါအဝင်ဖြစ်ပါတယ်။
အဲ့ဒီလို အကြမ်းဖက်မှုတွေ လူမဆန်မှုတွေ စစ်ရာဇဝတ်မှုတွေကို ခေါင်းမော့ရင်ကော့ကာ ရဲရဲဝံ့ဝံ့တော်လှန်တိုက်ပွဲဝင်နေကြတဲ့ အညာဒေသခံလူငယ်တွေက ဒီတစ်ပတ် BHRN ရဲ့စကားဝိုင်းဆွေးနွေးပွဲမှာ မိဘပြည်သူများကို ချက်ကျလက်ကျ ရှု့ထောင့်အစုံ ကဏ္ဍအသီးသီးကနေ တင်ပြဆွေးနွေးပေးကြမှာပဲ ဖြစ်ပါတယ်။
စကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့ ....
ကိုလွမ်းသူ
(ယင်းမာပင်ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ)
ကိုနေမွန်
(ဥက္ကဌ - PRA Magway )
မောင်သုည
(OFMPP)
မအေးမြင့်မြင့်အောင်
(Women Alliance Burma) တို့ဖြစ်ပြီး
Moderator အဖြစ်
မလင်းလက်ဆူး
(Generation Wave ၊ အထွေထွေ အတွင်းရေးမှူး)
က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်(စနေနေ့ည) 7:00 PM (Ygn Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း ထပ်ဆင့်ပြီး ပြန်လည်တင်ဆက်သွားပါမယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork














