A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြန်မာ့နွေဦးတော်လှန်ရေးမှာ အာဆီယံနိုင်ငံတွေရဲ့ ပါဝင်ပတ်သက်မှုအခန်းကဏ္ဍက ဘာတွေလဲ..။ ပြည်တွင်ရေးဝင်မစွက်တဲ့ အာဆီယံမူကို ပြန်လည်သုံးသပ်ဖို့အသံတွေထွက်ပေါ်လာတာကရော တကယ်အလုပ်ဖြစ်ပါ့မလား..။
အိမ်နီးချင်း အင်းအားကြီး နိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့က တော်လှန်ရေးမှာ ပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် EAOs တွေအပေါ် ထားရှိတဲ့ သဘောထားကရော ဘယ်လိုလဲ...။ တရုတ်၊ အိန္ဒိယအပါအဝင် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေး၊ အာဏာရှင်အမြစ်ပြတ် ချေမှုန်းရေးတို့ဟာ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်နေသလား...။ ပြည်သူ့လွတ်မြောက်ရေးအတွက် ဘယ်လို အင်အားကြီးနိုင်ငံတွေက အကူအညီ အထောက်အပံ့ဖြစ်စေနိုင်မလဲ... စတဲ့ အချက်တွေကို ဒီတစ်ပတ် သုံးသပ်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
စကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြမယ့်သူတွေကတော့ ....
ကိုမိုးထက်နေ
(သုတေသနနှင့်နိုင်ငံရေးအကြံပေး Nyan Lynn Thit Analytica)
မနှင်းနှင်းမွှေး
(တွဲဖက်အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
မလင်းလက်ဆူး
(Generation Wave ၊ အထွေထွေ အတွင်းရေးမှူး)
ခွန်ဟိဏ်း
(Muslim of Myanmar Multi-Ethnic Consultative Committee - MMMCC) တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်(တနင်္လာနေ့ည) 7:00 PM (Ygn Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork














