A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အခုလာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် မတရားတဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု စတဲ့ အနိဌာရုံတွေကို အနာဂါတ်ကာလမှာ မမြင်လို မတွေ့လို မကြုံဆုံချင်တော့သလို မျိုးဆက်သစ်တွေကိုပါ ဒီအရိပ်မည်းကြီး ထပ်မံကျရောက်မလာရလေအောင် မွန်မြတ်တဲ့စိတ်ထားတွေ စုပေါင်းပြီး တော်လှန်အံတုခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ (၄) နှစ် တင်းတင်းပြည့်တော့မှာ ဖြစ်ပါတယ် ။
ဒီလ ဆွေးနွေးပွဲစကားဝိုင်းမှာ တော်လှန်ရေး (၄)နှစ်အတွင်း တွေ့ကြုံခဲ့ရတဲ့ စိန်ခေါ်မှုတွေ၊ အကြပ်အတည်း အခက်အခဲတွေ၊ အောင်မြင်မြင်မှုတွေ၊ တော်လှန်ရေးမှာ ဖြစ်ပျက်နေသမျှ အားနည်းချက်အားသာချက် ဝေဖန်အကြံပြုစရာတွေ လေးနှစ်အတွင်း တော်လှန်ရေးဆင်နွဲခဲ့ကြပုံတွေ၊ လက်ရှိအခင်းအကျင်းနဲ့ အနာဂါတ်မှာမျှော်ရည်နိုင်မယ့် အကြောင်းအရာတွေကို အသိပညာရှင်အတတ်ပညာရှင် ကျောင်းသာလူငယ်တွေရဲ့ ရှု့ထောင့်ပေါင်းစုံ အတွေးအမြင်စုံ ကဏ္ဍအစုံကို သုံးသပ်တင်ပြပေးသွားကြမှာပဲ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးကြမယ့်သူတွေတော့
Dr. သန်းလွင်ဦး
Co-founder and President, Minority Affairs Institute (MAI)
ဆရာမနှင်းနှင်းမွှေး
(တွဲဖက်အထွေထွေအတွင်းရေးမှူး ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
ကိုသက်မှူးလွင်
(ဒီမိုကရေစီနိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊
ချောက်ကျောင်းသားများသမဂ္ဂ ခေါင်းဆောင်ဟောင်း)
ကိုခွန်ဟိဏ်း
(Muslim of Myanmar Multi-Ethnic Consultative Committee - MMMCC)
တို့ဖြစ်ပြီး
Moderator အဖြစ်
မလင်းလက်ဆူး
(Generation Wave ၊ အထွေထွေ အတွင်းရေးမှူး) က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်(သောကြာည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း ထပ်ဆင့်ပြီး ပြန်လည်တင်ဆက်သွားပါမယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork














