A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
မြန်မာ့သမိုင်းတလျှောက် သက်ဦးစံပိုင်အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ဘုရင်စနစ်အပြင် နယ်ချဲ့ကိုလိုနီစနစ်နဲ့ ဖက်စစ်အာဏာရှင်စနစ်တို့ကို တော်လှန်ရင်း မိမိတို့ လူမျိုးစုလွတ်မြောက်ရေးအသီးသီးမှာ တိုက်ပွဲဝင်ကာ အသက်ကိုစတေး ပေးဆပ်သွားခဲ့ကြတဲ့ အာဇာနည် သူရဲကောင်းအမြောက်အများရှိကြတဲ့အနက် ၁၉၄၇ ခုနှစ်မှာ လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ကျဆုံးသွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည် ၉ ဦးကိုသာ အသိများ၊ အဖတ်များ၊ အမှတ်များကြတာကိုတွေ့ရပါတယ်။
ဒါ့ကြောင့် ဒီအပတ် BHRN က တခြားတခြားသော လူနည်းစု လူမျိုးစုအသီးသီးမှာရှိကြတဲ့ လူမျိုးစုဆိုင်ရာ အမေ့ခံအာဇာနည် ခေါင်းဆောင်များလည်းရှိကြသေးကြောင်းကို သမိုင်းအချက်အလက်များနှင့် လူမျိုးစုဆိုင်ရာ ကိုယ်စားလှယ်များ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများ စတဲ့ ရှု့ထောင့်အသီးသီးနေ တင်ပြဆွေးနွေးမှုများကို လေ့လာကြရမှာဖြစ်ပြီး အမေ့ခံပေးဆပ်ခဲ့ကြတဲ့ အာဇာနည်များကို လေ့လာမှတ်သား ဂါရဝတရားထားနိုင်ကြဖို့ ရည်ရွယ်စီစဉ်တင်ဆက်လိုက်ရပါတယ်။
ဦးဆောင် ဆွေနွေးကြမဲ့သူများတော့ >>>
• ဆရာမနှင်းနှင်းမွှေး (လူ့ဘောင်သစ်ပါတီ)
• မမယ်ရီအက်စတာ (နိုင်ငံရေးတက်ကြွလှုပ်ရှားသူ - ကရင်နီ)
• ကိုရဲဟိန်းအောင်(MSRS)
• ဆရာစိုးနေဦး (BHRN) တို့ဖြစ်ပြီး
• Moderatorအဖြစ် ကိုမျိုး က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်(တနင်္လာနေ့)ည 7:00 PM (Ygn Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပါတယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာ ဖြစ်ပါတယ်။
- BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork














