A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်များဟာ လူများစုနှင့် လူနည်းစု၊ ဘာသာသာရေးလူနည်းစုများနှင့် လူများစုဘာသာဝင်များကို သွေးခွဲအုပ်ချုပ်ဖို ရည်ရွယ်ကာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို အကျိုးစီးပွား၊ ရပိုင်ခွင့် ခံစားပိုင်ခွင့်များပေးကာ သူလူ့ကိုယ့်ဘက်သား အယောင်ဆောင်များကို စစ်အာဏာရှင်များအကျိုးအလိုငှာ စနစ်တကျ မွေးမြူဖန်တီးကာ ဘာသာရေး၊ လူမျိုးရေးပြသနာများကို ပုံဖော်ဖန်တီးကာ လူမျိုးစုအသီးသီး၏ ရပိုင်ခွင့်ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်များကို အတွင်းစည်းထဲအထိ ဝင်ရောက်မွှေနှောက်ကာ နှစ်ပေါင်းများစွာ ပြုလုပ်ခဲ့ပါတယ်။
ယခု ၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်းမှာလည်း ထိုကဲ့သို ကိုယ်ကျိုးရှာအမြတ်ထုတ် ဂုတ်သွေးစုပ်နေသော တဘိုတည်းသမား အသစ်အဟောင်းများပူပေါင်းကာ ပြည်သူလူထုကို ဘယ်နည်းဘယ်ပုံ ဘယ်လိုအယုံသွင်းနေကြသလဲဆိုတာတွေရယ် ယခုအကြမ်းဖက် စစ်ကောင်စီကပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေများကိုပါ ဒီတစ်ပတ် BHRN စကားဝိုင်းဆွေးနွေးပွဲမှာ သုတေသီများ၊ လူငယ်များနှင့် နိုင်ငံရေးကျွမ်းကျင်သူများက တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
ဆရာမနှင်းနှင်းမွှေး
(တွဲဖက် အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
Seng
အတွင်းရေးမှူး၊ Myanmar FoRB Network
ကိုရဲဟိန်းအောင်
Burama Civil War Museum
ကိုမျိုးကို
MMMCC
တိုဖြစ်ပြီး
ကိုဟယ်ရီက Moderator အဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်(ကြာသပတေးည) 7:00 PM (Ygn Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပါတယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar, GSCN တိုမှာလည်း တပြိုင်နက် တင်ဆက်သွားမှာ
ဖြစ်ပါတယ်။
- BHRN
(သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork















