A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အောင်တိုဘာလ ၂၇ ရက်နေ့ဟာ နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်နေ့ဖြစ်ပါတယ်။
အဆိုပါနေ့ကို ဂုဏ်ပြုသောအားဖြင့် BHRN ရဲ့ ဒီတပတ်စကားဝိုင်းဆွေးနွေးပွဲမှာ ဘာသာရေးလွတ်လပ်ခွင့်ရဲ့အရေးပါပုံ၊ ဘာသာရေးလွတ်လပ်ခွင့်ဆုံးရှုးနေရတဲ့ လူ့အဖွဲအစည်းရဲ့ဆိုးကျိုး၊
ဘာသာရေးလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုတွေကဘာတွေလဲ၊ ဘာသာရေးခေါင်းဆောင်တွေကရော ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်တာမျိုးတွေရှိနေလား စသည့်
ဘာသာရေးခေါင်းဆောင်ဆရာတော်များ၊ လူ့အခွင့်အရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူများက မတူညီတဲ့ရှုထောင့်ပေါင်းစုံကနေ အမြင်သုံးသပ်ချက်များကို မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးတင်ပြသွားကြမှာပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်များကတော့
ဆရာတော် ဦးမဏ္ဍလာလင်္ကာရ
ဆရာ Ps Lian Lam Tuang
ဆရာမ မေရီအက်စတာ
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (ကရင်နီပြည်)
ဆရာမ မေ
BHRN
ဆရာကျော်ကျော်
Hindu Union
ပြောရေးဆိုခွင့်ရှိသူတိုဖြစ်ပြီး
ကိုရဲဟိန်းအောင်
MCRS က
Moderator အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲကို အောက်တိုဘာလ ၃၁ ရက်(အင်္ဂါနေ့)ည မြန်မာစံတော်ချိန် ၇ နာရီ(ထိုင်းစံတော်ချိန် ၇ နာရီခွဲ)အချိန်မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲအစီအစဉ်ကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပြီး မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), Than Lwin Times, Mekhong, People’s Radio Myanmar နဲ့ Federal Journal တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာဖြစ်ပါတယ်။
#BHRN













