A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
စစ်အာဏာရှင် အမြစ်ဖြတ်ချုပ်ငြိမ်းရေးကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှစတင်ကာ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တောင်ပေါ်မြေပြန့်မှာ မှီတင်းနေထိုင်ကြတဲ့ လူမျိုးစု၊ လူနည်းစုအလွှာအသီးသီးမှ ပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်စွာနဲ့ အတူတကွ ပူးပေါင်းပါဝင်ခဲ့ပြီး ယခုဆိုလျှင် ၄ နှစ်ကျော်ကာလရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။
တော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်း ရန်သူဘက်က အကြမ်းဖက်မှု၊ လူမဆန်မှု စစ်အင်အားအလွန်အကျွန်အသုံးပြုမှုများကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားလာတာနဲ့အမျှ တော်လှန်ရေးမှာဦးဆောင်ပါဝင်နေသူများအပေါ် ပြည်သူလူထုအနေဖြင့် အားမလိုအားမရဖြစ်ခဲ့ကြပြီး တော်လှန်ရေးပြုလုပ်နေသူများအကြား မပြောပလောက်တဲ့ အမြင်ရှုထောင့်မတူညီမှုများ၊ ပွတ်တိုက်မှုများကဲ့သို့ စိန်ခေါ်မှုများ ရှိလာခဲ့ရပါတယ်။ အဆိုပါ ပွတ်တိုက်မှု၊ အမြင်မတူမှုများအပေါ် အခြေခံပြီး အပြုသဘောဆောင်တဲ့ အကြံပြုချက်များရှိလာခဲ့ရသလို အပြုသဘောမဆောင်တဲ့ ဝေဖန်မှုများလည်း ရှိခဲ့ပါတယ်။ အဲ့ဒီလို အမြင်ရှုထောင့် ကွဲပြားမှုတွေဟာ တော်လှန်ရေးနှင့် တော်လှန်ပြည်သူများအပေါ်မှာ ပြန်လည်သုံးသပ်ဆင်ခြင်နိုင်ရေးအတွက် အကျိုးဖြစ်ထွန်းနိုင်တာဖြစ်နေပေမယ့်လည်း အပြုသဘောဆောင်တဲ့ ဝေဖန်အကြံပြုချက်များအပေါ် မှားယွင်းစွာတုန့်ပြန်နေကြပုံများ၊ တော်လှန်ရေးကာလရှည်ကြာလာတာနဲ့အမျှ တွေ့ကြုံလာရမယ့်စိန်ခေါ်မှုများ၊ တော်လှန်ရေးခရီးရဲ့ အနာဂါတ်မျှော်ရည်ချက်များ စတဲ့အချက်တွေကို ဒီအပတ် Burma Human Rights Network က ပြုလုပ်မယ့် “တော်လှန်ရေးစိန်ခေါ်မှုများနဲ့ အနာဂတ်အလားအလာ” ခေါင်းစဉ်အောက်မှာ နိုင်ငံရေးရှုထောင့်၊ တော်လှန်ရေးရှုထောင့်၊ တရားဥပဒေရှုထောင့်ပေါင်းစုံကနေ ဝေဝေဆာဆာ ဆွေးနွေးတင်ပြသွားကြမှာလည်း ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
- မနှင်းနှင်းမွှေး
တွဲဖက်အထွေထွေအတွင်းရေးမှူး၊
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
- ကိုနေမွန်
(PRA Magway)
- ဒေါ်သဉ္ဇာမြ
(မြို့နယ်တရားသူကြီး - CDM)
- မောင်သုည
(OFMPP)
တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်(ကြာသပတေးည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork














