A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အကြမ်းဖက်စစ်အာဏာရှင်များဟာ ပြည့်သူ့အာဏာကို အဓမ္မသိမ်းယူပြီးတိုင်း အများပြည်သူကို လှည့်စားဖို့နှင့် နိုင်ငံတကာ အသိုက်အဝန်းများက အသိအမှတ်ပြုမှုမှုတစ်စုံတစ်ရာရရှိစေဖို့ ရည်သန်ကာ အတုအယောင်ရွေးကောက်ပွဲများကို ဟန်ဆောင်ကျင်းပပေးလေ့ရှိပါတယ်။
အာဏာရှင်နေဝင်းလက်ထက်မှာလည်း ၇၄ ခုနှစ်ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေအောက်မှ ရွေးကောက်ပွဲ ၄ ကြိမ်ပြုလုပ်ခဲ့ပေမယ် မဲပေးရမည့်ပါတီမှာ မဆလ တစ်ပါတီတည်းကသာ ပြိုင်ဘက်ပါတီမရှိဘဲ အနိုင်ရရှိခဲ့ရကာ ရွေးကောက်ပွဲအမည်ခံပြီး တစ်ပါတီအာဏာရှင်စနစ်ကို ဆက်လက်သက်တမ်းရှည်စေခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲရလဒ်ဟာ မလုပ်ခင်ကြိုသိနှင့်ပြီးသားဖြစ်သလို ရွေးကောက်ပွဲဟာ အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်စေနိုင်ဖို့ အာဏာရှင်တစ်ခုရဲ့ လှည့်ကွက်မျှသာဖြစ်ပါတယ်။ ၁၉၉၀ မှာလည်း စစ်တန်းလျားပြန်သွားမယ်ဆိုတဲ့ ကြွေးကြွော်သံဖြင့် ရွေးကောက်ပွဲတစ်ရပ်ကျင်းပခဲ့ပြီး မဲအများဆုံးရပြီး အပြတ်အသတ်နိုင်ခဲ့ကြတဲ့ NLD ပါတီဝင်များ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းကာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားခဲ့ပါတယ်။
အလားတူ ၂၀၀၈ နာဂစ်ဥပဒေအောက်မှာလည်း အထွေထွေရွေးကောက်ပွဲ သုံးကြိမ်ကျင်းပခဲ့ပါတယ်။ ၂၀၁၀ မှာ အတိုက်အခံအားလုံးထောင်သွင်းအကျဉ်းချထားပြီး ရွေးကောက်ပွဲကျင်းပခဲ့သလို ယူနီဖောင်းချွတ် ဗိုလ်သိန်းစိန်ကနေ သမ္မတဦးသိန်းစိန်ဆိုပြီး ကြိုတင်မဲပုံးများဖြင့် အာဏာရယူခဲ့ကြပြန်ပါတယ်။ ၂၀၁၀ မှ ၂၀၁၅ အတွင်း ဘာသာရေး၊ လူမျိုးရေးကိုအခြေခံပြီး မြန်မာနိုင်ငံကို အဆိုးဆုံးဖြစ်အောင် သမိုင်းတွင်စေမယ့် အကြမ်းဖက်မှုရက်စက်မှုများသာ ဖြစ်ခဲ့ရပါတယ်။ ၂၀၁၅ ထွေထွေရွေးကောက်ပွဲကျင်းပခဲ့ပြီးမှာ ပြည်သူတင်မြှောက်တဲ့သူများ အာဏာရရှိလာခဲ့ပေမယ့် အာဏာရှင်ရဲ့ ဖွဲ့စည်းပုံအောက်ကဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့် ကန့်သတ်မှုများ၊ စီမံခန့်ခွဲမှု အုပ်ချုပ်မှုလိုအပ်ချက်များစတဲ့ စိန်ခေါ်မှုများကြောင့် ဂျီနိုစိုက်ဆိုတဲ့ အမည်းစက်ကြီးသာ အဖက်တင်ခဲ့ရပါတယ်။ ၂၀၂၀ မှာလည်း ရွေးကောက်ပွဲကျင်းပခဲ့ပေမယ့် မဲမသမာမှုဆိုတဲ့ ခေါင်းစဉ်တပ်ကာ မသမာမှုအပေါင်းကို နှစ် ၆၀ ကျော် ၇၀ လောက် စနစ်တကျ ကျူးလွန်နေသူများဖြစ်တဲ့ စစ်အုပ်စုက နောက်ပြန်လှည့်ကာ တိုင်းပြည် အမှောင်ကျခဲ့ရပြန်ပါတယ်။
ယခုတစ်ကြိမ် ၂၀၂၆ နှစ်ဆန်းပိုင်းမှာလည်း အာဏာရှင်လူတစ်စုကောင်းစားရေး အာဏာရှင်ဝါဒသက်ဆိုးရှည်ရေးအတွက်ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲဟာလည်း အာဏာရှင်ရဲ့ နိုင်ငံရေးလှည့်ကွက် နိုင်ငံရေးထောင်ချောက် နိုင်ငံရေးမသမာမှုသာဖြစ်တယ်ဆိုတာ ပြည်သူလူထုတစ်ရပ်လုံး သတိပြုနိုင်ကြဖို့ရယ် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း နားလည်သဘောပေါက်နိုင်ကြဖို့ ရည်သန်ကာ Burma Human Rights Network ရဲ့ ဒီတစ်လ ဆွေးနွေးပွဲစကားဝိုင်းကို “စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေး ထွက်ပေါက်လား နိုင်ငံရေး ထောင်ချောက်လား”ဆိုတဲ့ခေါင်းစဉ်နဲ့ ပါတီနိုင်ငံရေးရှု့ထောင့်၊ကျောင်းသားလှုပ်ရှားမှု ရှု့ထောင့်၊ လူနည်းစုများရှု့ထောင့် စတဲ့ အမြင်ရှု့ထောင့်တွေကက တင်ပြဆွေးနွေးသုံးသပ်သွားကြမှာပဲ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
- မနှင်းနှင်းမွှေး
တွဲဖက်အထွေထွေအတွင်းရေးမှူး၊
(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
- ကိုကျော်ဇောလင်း
- လိုည်းမွမ့်နွန်း @ နွန်း
(တအာင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူ)
- ခွန်ဟိဏ်း
(Muslim of Myanmar Multi-Ethnic Consultative Committee - MMMCC)
တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုယုနောင်
(Organizing Force Of The
Mandalay Political Platform) က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်(တနင်္လာည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork













