A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
ရိုဟင်ဂျာလူမျိုးစုများဟာ Genocide လူမျိုးတုန်း သတ်ဖြတ်ခံရမှု (၈) နှစ်ပြည့်သည်အထိ တရားမျှတမှု မရရှိနိုင်သေးပါ။
ရိုဟင်ဂျာ မျိုးနွယ်စုများသည် ၁၉၇၀ အစောပိုင်းကာလများကတည်းက နှစ်လေးဆယ်ကျော်ကြာ ခေတ်အဆက်ဆက် အစိုးရအသီးသီး၏ ဖိနှိပ်ခွဲခြားအကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံခဲ့ကြရပါသည်။
၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် အကြမ်းဖက်စစ်တပ်မှ နယ်မြေရှင်းလင်းရေးဟု ကြေညာကာ ရိုဟင်ဂျာလူမျိုးစု လူဦးရေ ၂၄,၀၀၀ ခန့် အသတ်ခံခဲ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှာင်ရသူ ၇၅၀,၀၀၀ ကျော်ရှိခဲ့ပါသည်။
လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခံခဲ့ရတဲ့ ရိုဟင်ဂျာ လူမျိုးစုအနေဖြင့် ယခု ၂၀၂၅ ခုနှစ် ၈ နှစ်ကြာညောင်းခဲ့သည်အထိ တရားမျှတမှု တစုံတရာ ရရှိခဲ့ခြင်းမရှိသေးပါ။ ယခုအချိန်ထိ ပါဝင်ပတ်သက်ကျူးလွန်သူများသည် တာဝန်ယူ၊ တာဝန်ခံမှုနှင့် အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေသေးပါသည်။
၂၀၂၁ နွေဦးတော်လှန်ရေးစတင်ပြီးနောက် အကြမ်းဖက်စစ်တပ်၏ တနိုင်ငံလုံး လူမျိုးတုန်း သတ်ဖြတ်နေသည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်သော်လည်း ရိုဟင်ဂျာမျိုးနွယ်စု လူမျိုးတုန်းသတ်ခံခဲ့ရသည့် အခြေအနေများသည် ယခုထက်ပင် ပိုမိုဆိုးရွားစွာ ရင်ဆိုင်ခံစားခဲ့ရသည်။
သတင်းအမှောင်ချခံရမှု၊ ဘာသာရေး လူမျိုးရေး ဝါဒမှိုင်းတိုက်ခံရမှုနှင့် ဖိနှိပ်ခွဲခြားမှု၊ သမိုင်းဖျောက်ဖျက်ခံရမှု၊ လူမျိုးကြီးဝါဒ၊ အစွန်းရောက် မျိုးချစ်ဝါဒကြီးစိုးမှုတွေကြားတွင် ရိုဟင်ဂျာလူမျိုးစုသည် ကျူးကျော်ဟု စကားလုံး အသုံးစွဲခံရပြီး ထိုအချက်နဲ့ပင် လူမျိုးတုန်းသတ်ဖြတ်ခံနေရမှုကို အရပ်သားအစိုးရနှင့်အတူ တနိုင်ငံလုံးက မျက်ကွယ်ပြုခဲ့ကြသည်။
ယနေ့အချိန်ချိန်ထိ ရိုဟင်ဂျာ လူမျိုးစုများသည် ဖမ်းဆီး သတ်ဖြတ် ဖိနှိပ် အကြမ်းဖက်ခံနေရဆဲဖြစ်သည်။
အများစုသော စစ်အာဏာရှင်င်စနစ်ကို မနှစ်မြို့ဘူးဟုဆိုသူများ အပါအဝင်အသိုင်းအဝိုင်းအချို့ကလည်း ၂၀၁၇ နည်းတူ ရိုဟင်ဂျာများက လုပ်ကြံဖန်တီးကာ ဇာတ်နာပြနေကြသည်လို့ စွပ်စွဲကောက်ချက်ချကာ ခွဲခြားပြီး လူမဆန်မှုများ ကျူးလွန်နေကြဆဲဖြစ်ပါသည်။
လက်ရှိအချိန်တွင် တနိုင်ငံလုံးသည် ရာဇဝတ်ဂိုဏ်း အကြမ်းဖက်သမားစစ်အာဏာရှင်များ၏ ဗိုလ်ကျ ဖျက်ဆီးမှု၊ အကြမ်းဖက် ဖိနှိပ် သတ်ဖြတ်မှုနှင့်အတူ လူမျိုးတုန်း သတ်ဖြတ်ခံနေရသည်။
လူမျိုးကြီးဝါဒ ကြီးစိုးမှု၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် လူမျိုးတုန်းသတ်ဖြတ်မှုများ ဖြစ်လေ့ရှိပြီး မည်သည့် လူမျိုးကြီးဝါဒ၊ မျိုးချစ်ဝါဒ အစွန်းရောက်မှုမျိုးမဆို မျက်ခြေမပြတ်စောင့်ကြည့်လေ့လာကာ အမြစ်ဖြတ်ချုပ်ငြိမ်းသွားသည်အထိ တော်လှန်ဆန့်ကျင်သွားကြဖို့လိုပါသည်။
သို့မှသာလျှင် ရိုဟင်ဂျာ လူမျိုးစုများအပါအဝင် မြန်မာနိုင်အတွင်းမှီတင်းနေထိုင်ကြသည့် လူနည်းစု၊ လူမျိုးစုအသီးသီး၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ပေးရာရောက်ရုံသာမကဘဲ စစ်အာဏာရှင်တို့၏ လှည့်စားမှု လွှမ်းမိုးမှု ချယ်လှည်မှုများ လျှော့ချကာ ပြည်သူအများစုလိုလားတောင့်တနေကြသော စစ်မှန်မျှတသည့် ဖက်ဒရယ် ဒီမိုကရေစီထွန်းကားသော လူ့အသိုက်အဝန်းတစ်ရပ်ကို ပုံဖော်ဖန်တီးတည်ဆောက်နိုင်ကြမှာလည်း ဖြစ်ပါသည်။
ဒါ့ကြောင့် Burma Human Rights Network အနေဖြင့် ယခုလ စကားဝိုင်းဆွေးနွေးပွဲကို “ဂျီနိုစိုက် ၈ နှစ်ပြည်ခဲ့ပေမယ့် အကြမ်းဖက်မှုများနှင်ရင်ဆိုင်နေရဆဲ ရိုဟင်ဂျာများ”ခေါင်းစဉ်ဖြင့် စီစဉ်ကာ ဆွေးနွေးသွားမှာပဲဖြစ်ပါသည်။
ပါဝင်ဆွေးနွေးမည့်သူများ -
- ကိုမိုးထက်နေ
(သုတေသနနဲ့ နိုင်ငံရေးအကြံပေး, Nyan Lynn Thit Anlytica )
- မတင်မေဦး
[Founder (RAISA Rohingya Southeast Asian Network), ရိုဟင်ဂျာအမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ]
- ဒေါ်သဉ္ဇာမြ
(မြို့နယ်တရားသူကြီး - CDM)
- ကိုကျော်ဇောလင်း
တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၀ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork













