A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊သဟဇာတရှိမှု ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုတွေကို ချုပ်ငြိမ်းစေပြီး လူမျိုးရေး၊ဘာသာရေးဆိုတဲ့ အစွဲတွေ ပဋိပက္ခတွေ ဘာသာရေးအကြမ်းဖက်မှုများနဲ့ မြန်မာနိုင်ငံကို အကျည်းတန်အရုပ်ဆိုးစေတဲ့ သမိုင်းအမည်းစက်များကိုဖြစ်ပေါ်လာစေတာကတော့ အမုန်းတရား အမုန်းစကားတွေပါပဲ။
အဆိုပါ အမုန်းတရား အမုန်းစကားတွေဟာ ရိုးသားတဲ့ အရပ်သားပြည်သူများအတွက် အဆိပ်အတောက်ဖြစ်စေပေမယ့် အာဏာရှင်တွေနဲ့ စစ်အုပ်စုအတွက်ကတော့ အကျိုးအမြတ်မြောက်များစွာ ရရှိစေပြီး သူတို့ရဲ့ အာဏာစက်ကို ဆွဲဆန့်ဖို့အတွက် အကောင်းဆုံးအသုံးချခံနည်းလမ်းတစ်ခုဖြစ်စေပါတယ်။
ဒါ့ကြောင့် အာဏာမက်မောတဲ့ စစ်အုပ်စုတွေဟာ နိုင်ငံရေးအချိုးအကွေ့တွေရောက်တိုင်း အမုန်းစကားလှိုင်းနဲ့ပဲ ဖုံးအုပ်လေ့ရှိကြပါတယ်။ အဆိုပါအမုန်းစကားတွေကို စနစ်တကျဖြန့်ဖြူးကာ သူတို့ရဲ့ မသမာတဲ့ စီမံကိန်းများ နိုင်ငံရေးမသမာမှုများကိုလည်း အမုန်းတရားအမုန်းစကားများအားဖြင့် ပြည်သူလူထုကို အာရုံလွှဲလေ့ရှိကြပါတယ်။ စစ်အာဏာရှင်တွေ အမုန်းတရားဖြန့်တိုင်း အပြစ်မဲ့လူနည်းစုလူမျိုးများနဲ့ လူနည်းစုဘာသာဝင်တွေဟာ အစတေးခံကြရလေ့ရှိပါတယ်။ ဒါ့ကြောင့် အမုန်းစကားတွေကို အမုန်းတရားအခြေမခံဘဲ အမုန်းမပွားဘဲ တုံ့ပြန်ကြဖို့ လိုအပ်ပါတယ်။
ဒါ့ကြောင့် BHRN က ဒီတစ်လပြုလုပ်မယ့် စကားဝိုင်းအစီအစဉ်မှာ BHRN ရဲ့ အမုန်းစကားလေ့လာစာင့်ကြည့်ရေးတာဝန်ခံအပါအဝင် နယ်ပယ်အသီးသီးမှာ အမုန်းစကား ဆန့်ကျင်ရေး ပြုလုပ်နေကြတဲ့ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးသွားကြမှာပဲ ဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
- ကိုမိုးထက်နေ
(သုတေသနနှင့်နိုင်ငံရေးအကြံပေး - Nyan Lynn Thit Analytica)
- Seng
(Secretariat of Myanmar FoRB Network)
- မတင်ဇာအောင်
(Media Trainer)
- ကိုဝေဖြိုး
(BHRN)
တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုဟယ်ရီ က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်(တနင်္ဂနွေည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork











