A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
အကြမ်းဖက်စစ်အာဏာရှင် အဆက်ဆက်ဟာ ရိုးသားတဲ့ပြည်သူလူထုကို မုသာဝါဒ၊ အကြောက်တရားတွေနဲ့ နှစ်ပေါင်းများစွာ အာဏာတည်မြဲရေးအတွက် အသုံးပြုခဲ့ကြပါတယ်။ အခု ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာလည်း စစ်အာဏာရှင်တို့ သက်ဆိုးရှည်စေဖို့ အသုံးပြုနေကျ မုသာဝါဒကျူးလွန်ပွဲကြီးဖြစ်တဲ့ ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ပြုလုပ်သွားကြတော့မှာပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ထိုးခွက်လှန် ရှုံးနှိမ့်မှုတွေကို လက်မခံနိုင်တဲ့အဆုံး လက်နက်အားကိုးပြီး အကြမ်းဖက်အာဏာသိမ်းခဲ့ပါတယ်။ ဒီလိုအဓမ္မအာဏာသိမ်းယူမှုကို ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ အရပ်သားပြည်သူ ၇၄၉၉ ဦးထက်မနည်းကိုလည်း အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်နှင့် ပြည်သူလူထုအားပေးထောက်ခံမှုအများဆုံးရရှိနိုင်မည့်သူများကို အကျဉ်းထောင်များအတွင်း မတရားဥပဒေများဖြင့် ဖမ်းဆီးကာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် ရွေးကောက်ပွဲကို မျက်နှာပြောင်တိုက်ပြုလုပ်လှည့်စားဖို့ ကြံရွယ်နေကြတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အခုလို စစ်အာဏာရှင်များရဲ့ မုသာဝါဒစက်ဝန်းကနေ ကျော်လွှားလွတ်မြောက်ကြဖို့ ဒီတစ်လ Burma Human Rights Network ရဲ့စကားဝိုင်းဆွေးနွေးပွဲကို “ရွေးကောက်ပွဲအတု ကျော်လွှားအန်တုကြစို့” ဆိုတဲ့ခေါင်းစဉ်နဲ့ နယ်ပယ်အသီးသီးမှာ ပါဝင်နေကြတဲ့ လူငယ်လူလတ်လူကြီး နိုင်ငံရေးသမားများနဲ့ သိုင်းသိုင်းဝိုင်းဝိုင်းပြောဆို ဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
- မနှင်းနှင်းမွှေး
(တွဲဖက်အထွေထွေအတွင်းရေးမှူး၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
- ကိုမင်းသွေးသစ်
(နိုင်ငံရေးတက်ကြွလှုပ်ရှားသူ)
- ကိုနေမွန်
(PRA Magway)
- ကိုမျိုးသူရ
ညှိနှိုင်းရေးမှူး (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ - GSC)
တို့ဖြစ်ပြီး
Moderator အဖြစ်
ကိုအောင်ခန့် က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork












