လန်ဒန် (ယူကေ) ။ ။ BHRN မှ မြဝတီဆရာတော် အရှင်အရိယာဝံသာဘိဝံသ ၊ အရှင်သောဘိတ (အလင်္ကာကြယ်)နှင့် ရွှေညဝါ ဆရာတော်တို့အား ချက်ချင်း လွှတ်ပေးရန် မြန်မာစစ်တပ်သို့ တောင်းဆိုလိုက်သည်။ ဆရာတော်သုံးပါးတို့သည် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်၏ အာဏာသိမ်းမှုဖြစ်စဉ်၌ ရန်ကုန်နှင့်မန္တလေးတို့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါသည်။ အရှင်သောဘိတသည် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံခဲ့ရသည်။ မြဝတီဆရာတော်သည် လူဝတ်လဲခံခဲ့ရပြီး ဖေဖော်ဝါရီလ (၉)ရက်နေ့ ရုံးထုတ်ရန် စီစဉ်ထားကြောင်း သိရှိရသည်။ ရွှေညဝါဆရာတော်နှင့် ပတ်သက်၍ နောက်ဆုံးသတင်းများကို BHRNမှ မတွေ့ရှိသေးပါ။ သံဃာတော်သုံးပါးသည် ဘာသာရေးအစွန်းရောက်အမျိုးသားရေးဝါဒအား ဆန့်ကျင်ရပ်တည်နေသည့် ငြိမ်းချမ်းရေးဆရာတော်များဖြစ်ပါသည်။ စစ်တပ်၏ ကနဦးကြိုးပမ်းမှုဖြစ်သည့် အာဏာသိမ်းအစိုးရကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များနှင့် ဘာသာရေးခေါင်းဆောင်များကို ဖမ်းဆီးမှုတွင် သံဃာတော်များအား ဖမ်းဆီးမှုလည်း ပါဝင်ခဲ့ပါသည်။
“NLD ရဲ့ နိုင်ငံရေးခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ်မှာ တစ်ကမ္ဘာလုံးကမှန်ကန်စွာ ဒေါသဖြစ်နေသလို တက်ကြွလှုပ်ရှားသူများနှင့် ဘာသာရေးခေါင်းဆောင်များ ဖမ်းဆီးထိန်းသိမ်းခံရမှုအပေါ်မှာလည်း နှုတ်ဆိတ်မနေသင့်ပါ။ မြန်မာစစ်တပ်သည် အကြမ်းဖက်အစွန်းရောက် အမျိုးသားရေးဝါဒီဘုန်းကြီးတွေနှင့် ဆက်ဆံရေးကိုကြာရှည်ထိန်းသိမ်းသဟဇာတဖြစ်ရေးကို ကြိုးပမ်းကြတဲ့ ဆရာတော်တွေကို အမြဲလိုလို နှုတ်ပိတ်လေ့ရှိပါသည် ။”
“တရားမျှတမှုကို မြှင့်တင်ဖော်ဆောင်ရာတွင် ဘုန်းတော်ကြီးများဟာ အဓိကအခန်းကဏ္ဍကပါဝင်ခဲ့ပါသည်။ သံဃာတော်တွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနှင့်ငြိမ်းချမ်းမှုဖော်ဆောင်သော လုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် အဓိကအခန်းကဏ္ဍက ပါဝင့်လေ့ရှိသည်အတွက် စစ်တပ်က သူတို့ကို အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင်ခြင်း၊ သပ်လျှိုဝင်ရောက်တိုက်ခိုက်ခြင်း ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် ထောင်သွင်းအကျဉ်းချခြင်းတွေ ပြုလုပ်ခဲ့ပါသည်။ လွတ်လပ်မှုနှင့်တရားမျှတမှုကို ကျွန်တော်တို့ တောင်းဆိုတဲ့အခါ သူတို့ကို မမေ့သင့်ပါဖူး။” လို့ BHRN ၏ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းမှ ပြောကြားခဲ့ပါသည် ။
စစ်တပ်မှတိုင်းပြည်ကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည့်အချိန်တွင် ဘာသာရေးခေါင်းဆောင်များနှင့်တက်ကြွလှုပ်ရှားသူများအား မေးမြန်း စစ်ဆေးသည့် သတင်းများကို BHRN မှ ရရှိခဲ့ပါသည်။ များစွာသောသူတို့သည်လည်း ထောင်ချခံရမည်စိုးသောကြောင့် ပုန်းအောင်းနေကြရပါသည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုအပေါ်ပြစ်တင်ရှုတ်ချရန် ကုလသမဂ္ဂလုံခြုံးရေးကောင်စီက မကြာသေးမီက ပျက်ကွက်မှုအပေါ် နိုင်ငံအသီးသီးအနေဖြင့် ၎င်းအားတန်ပြန်တိုက်ဖျက်ရန်အတွက် သီးခြားရပ်တည်ရမည်ဖြစ်သည်။ အာဆီယံနိုင်ငံများ၊ အီးယူ၊ ယူကေနှင့် အမေရိကန်တို့မှ အာဏာသိမ်းမှုအတွင်း ဖမ်းဆီးထားသောသူများအားအမြန်ဆုံးလွှတ်ပေးရန်၊ အာဏာကို စွန့်လွှတ်ရန်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ရွှေးချယ်ခံရသော လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ခေါ်ယူခြင်းလုပ်ငန်စဉ်အား ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာစစ်တပ် အပေါ် အမြင့်ဆုံးဖိအားများပေးသင့်သည်။ စစ်တပ်နှင့် ၎င်းတို့၏ခရိုနီများအပေါ်တွင် ဖြစ်နိုင်သမျှအမြန်ဆုံးပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခက်မှုများ ပြုလုပ်သင့်ပြီး၊ အကယ်၍ စစ်တပ်မှအာဏာစွန့်လွှတ်ရန် ဆက်လက်ငြင်းဆန်နေပါက နောက်ထပ်လုပ်ဆောင်မှုများအတွက်လည်း အလေးအနက်ထား စီစဉ်ထားသင့်ပါသည်။
BHRN ၏ ထုတ်ပြန်ကြေငြာချက် PDF ဖိုင်