လူနည်းစု ဘာသာဝင်ကို ချေမှုန်းပစ်မယ့်အကြောင်း အမုန်းစကားပြောဆိုမှု ကို အရေးယူရန် တောင်းဆို
1. BHRN strongly condemns a comment made by a pro-nationalist writer at a rally held in support of the constitutional article 59 (f), as we believes it could trigger hatred against the members of minority religions.
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ထေက်ခံပွဲတွင် အမျိုးသားရေးဝါဒီတစ်ဦးက လူနည်းစုဘာသာဝင်များကို အမှုန့်ဖြစ်အောင် ချေမှုန်းပစ်မယ့်အကြောင်း အမုန်းစကားလှုံ့ဆော်မှုကို BHRN အနေဖြင့် ပြင်းထန်စွာ ကန့်ကွက် လိုက်ပါသည်။
2. U Aung Kyaw Hsan said during the speech at the rally held in front of the Yangon City Hall on 5 May that he would ravage the members of the minority religions.
(၂) မေလ ၅ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့တွင်ကျင်းပသော အဆိုပါ ထောက်ခံပွဲ၌ အမျိုးသားရေး စာရေးဆရာ ဦးအောင်ကျော်ဆန်း က ယင်းကဲ့သို့ ဟောပြောခဲ့ခြင်းဖြစ်သည်။
3. He said “let me gently remind that if the religions belong to guest (means non-Buddhist) come to assault the religion of the host (Buddhist), we will have to ravage the whole tree including its branches, trunk and stem also we will have to unearth that tree from its root”.
(၃) "အိမ်ရှင်ဘာသာကို ဧည့်သည်ဘာသာက ထိပါးစော်ကား မတရား ကြံစည်နေမယ်ဆိုရင်တော့ အခက်ကိုသင်၊ အပင်ကိုခုတ်၊ အငုတ်ကို စင်း၊ အမြစ်ကို တူး၊ အဖူးကို ချေမှုန်းရပါလိမ့်မယ်၊ မြေလှန်ပစ်မယ်ဆိုတာ ပါးပါးလေး သတိပေးပါရစေ"ဟု ၎င်းက ပြောဆိုသည်။
4. He added, “As the Head of State said, guests should behave only like guests. But if they try to destroy or belittle the Buddhist religion, which is existing peacefully, we will have to smolder them,” he added.
(၄) "နိုင်ငံတော်ခေါင်းဆောင်ကြီး ပြောသလို ဧည့်သည်ဟာ ဧည့်သည်လိုနေ၊ ငြိမ်းချမ်းတဲ့ဗုဒ္ဓသာသနာကို သေးသိမ် အောင် ဖျက်လိုဖျက်ဆီးလုပ်ရင်တော့ လေထဲမှာ အမှုန့်ဖြစ်ပြီး ပျောက်သွားသည်အထိ ချေမှုန်းမယ်" ဟု ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
5. In the speech, he also used threatening words against the members of the minority religions by saying that they will end up in violent death if they blaspheme or even they blaspheme in their mind against Theravada Buddhism. He added that Buddhism has been a traditional religion for the people of Myanmar since the Pyu era. Also said that the country has 85 per cent of population who are Buddhists and Buddhism was declared as the State religion in 1960.
(၅) ထို့အပြင် ထေရ၀ါဒဗုဒ္ဓဘာသာဟာ ပျူခေတ်ကနေ ဒီကနေ့အထိ မြန်မာတနိုင်လုံး မိရိုးဖလာ ကိုးကွယ်သော ဘာသာဖြစ်ပြီး ၁၉၆၀ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြဋ္ဌာန်းခဲ့ကြောင်း၊ နိုင်ငံတော်၏ ၈၅ ရာခိုင်နှုန်း ကိုးကွယ်ရာဘာသာဖြစ်သည့်အတွက် ထေရ၀ါဒဗုဒ္ဓသာသနာကို စိတ်နဲ့တောင်မပစ်မှားနှင့် ဘေးဆိုး ရန်ဆိုး အန္တရာယ်ဆိုး သေချင်းဆိုးနှင့် သေသွားပါလိမ့်မည်ဟု ၎င်းက လူနည်းစုဘာသာများကို ခြိမ်းခြောက် ပြောဆိုခဲ့သည်။
6. The article 362 of the Constitution recognizes Christianity, Islam, Hindu and animists as minority religions in the country. Moreover, the article 34 of the charter grants the rights to practices any religion.
(၆) အဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၂ တွင် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးကွယ်သူများ စသည့် လူနည်းစု ဘာသာဝင်များကို နိုင်ငံတော်က အသိအမှတ်ပြုထားကြောင်း အတိအလင်း ဖော်ပြထားပါသည်။ ထို့အပြင် ပုဒ်မ ၃၄ တွင် နိုင်ငံသားတိုင်းကို လွတ်လပ်စွာ ကိုးကွယ်တည်ဆောက်နိုင်သော အခွင့်ရေးပေးထားပါသည်။
7. However, we believe that the comment made at an event, which was held in support of the Constitution, has in fact breached the article 364 of the Constitution, which says abuse of religion for political purposes is forbidden. Moreover, it says any act, which is intended or is likely to promote feelings of hatred, enmity or discord between racial or religious communities, is contrary to the constitution.
(၇) သို့သော် ဖွဲ့စည်းပုံထောက်ခံပွဲတွင် ယခုကဲ့သို့ လူနည်းစုဘာသာဝင်များကို အမုန်းတရားဖြင့် ခြိမ်းခြောက် ပြောဆို နေမှုမှာ လူမျိုးရေးအရ၊ ဘာသာရေးအရ တစ်ဖက်နှင့်တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တမျိုးမျိုး ပေါ်ပေါက်လာစေရန် ဆောင်ရွက်ချက်ဖြစ်သည့်အပြင် နိုင်ငံရေးအလို့ငှာ ဘာသာသာသနာကို အလွဲသုံးစား ပြုသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၆၄)နှင့် ငြိစွန်းနေပါသည်။
8. We believe such a blatant act to spread hatred at an event held in the centre of the Yangon city could bring danger to the members of the minority religion living in Myanmar.
(၈) ရန်ကုန်မြို့လယ်ခေါင် လူစည်ကားရာနေရာတွင် ယင်းကဲ့သို့ ပြောင်ကျကျ အမုန်းစကားလှုံ့ဆော် ပြောဆိုမှုများ သည် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သော လူနည်းစုဘာသာဝင်များအတွက် ဘေးအန္တရာယ် ကျရောက်နိုင် သည့် အခြေအနေဖြစ်ပါသည်။
9. There have been tensions among the members of different religions in Myanmar due to sectarian conflicts as well as due to spread of hate message. This act could be like adding fuel to ignite a renewed religious violence in the country.
(၉) မြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ၊ အမုန်းတရားလှုံ့ဆော်မှုများ၊ ဘာသာမတူသည့် အသိုင်းအ၀ိုင်းများအကြား သဘောထားတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည့် အလျောက် ယခုကဲ့သို့ လှုံ့ဆော်မှုများက တကြော့ပြန် ပဋိပက္ခများ ဖြစ်ပွားလာစေရန် ဓာတ်ဆီလောင်းပေးသည့် လုပ်ရပ်များဖြစ်ပါသည်။
10. Two people in the audience who expressed their views against what is being said in the rally had to flee after they were attacked by a group of nationalist supporters. They ran into 32nd street where majority of residents are Muslims and the pair were beaten up and arrested. That incident could have triggered confrontation with the members of a minority religion.
(၁၀) အဆိုပါဟောပြောပွဲတွင် ပရိသတ်အတွင်းမှ လူနှစ်ဦးမှာ ဆန့်ကျင်ဘက်ပြောဆိုမိသဖြင့် ထောက်ခံပွဲလာ လူအုပ်ကြီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မွတ်စလင်အများစုနေထိုင်ရာ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်းထဲသို့ ၀င်ပြေး ရာ ၀ိုင်းဝန်းရိုက်နှက်ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ အဆိုပါ ဖြစ်စဉ်မှာလည်း လူနည်းစုဘာသာဝင်များနှင့် ထိပ်တိုက် တိုးလာနိုင်သော စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ်ဖြစ်ပါသည်။
11. We called on the authorities not to allow such rallies, which could incite hatred, as we can foresee danger of hatred would lead to communal conflict.
(၁၁) အမုန်းတရား လှုံ့ဆော်မှုမှသည် ပဋိပက္ခဆီသို့ ဦးတည်လာမည့် အန္တရာယ်ကို မြင်တွေ့နေရပါသဖြင့် အလားတူ လှုံ့ဆော်ပွဲများ ဖြစ်မလာစေရန် အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့် အထူးကြပ်မတ် ဆောင်ရွက်ရန် အရေးကြီး ပါသည်။
12. To prevent religious conflicts, BHRN strongly urge the authorities to take effective actions against those who blatantly incite hatred, as the country’s stability become more crucial as the time draw closer to the next general elections in 2020.
(၁၂) ၂၀၂၀ ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး အရေးကြီးလာချိန်တွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ယခုကဲ့သို့ အများပြည်သူရှေ့၌ ပြောင်ပြောင် တင်းတင်း အမုန်းတရားလှုံ့ဆော်သူများကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူနိုင်ပါရန် BHRN က အလေးအနက် တိုက်တွန်းပါသည်။
Background on the Burma Human Rights Network (BHRN)
BHRN is based in London and operates across Burma/Myanmar working for human rights, minority rights and religious freedom in the country. BHRN has played a crucial role in advocating for human rights and religious freedom with politicians and world leaders.
BHRNသည် လန်ဒန်အခြေစိုက် လူ့အခွင့်အရေးများ ကို လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ ဖြစ်ပြီး မြန်မာနိုင်ငံတ၀ှန်းရှိ လူနည်းစုအရေး၊ ဘာသာရေး လွတ်လပ်ခွင့်နှင့် လူ့အခွင့်ရေးများကို လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။ BHRN သည် လူ့အခွင့်ရေးဆိုင်ရာ၊ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာများအတွက် ကမ္ဘာ့ ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့်အတူ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။
Media Enquiries
Please contact:
Kyaw Win
Executive Director
Burma Human Rights Network (BHRN)
E: This email address is being protected from spambots. You need JavaScript enabled to view it.
T: +44(0) 740 345 2378
BHRN's Press Release PDF