A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
တော်လှန်ရေးကာလ ၅ နှစ်ကျော်ကြာလာသည်နှင့်အမျှ ဘက်ပြောင်းခိုလှုံခြင်း၊ အဂတိမှုများကြောင့် တော်လှန်ရေးအပေါ်မေးခွန်းထုတ်ခြင်း၊ ဝေဖန်ထောက်ပြခြင်း၊ ဝိဝါဒကွဲပြားခြင်းများ ဖြစ်ပေါ်လျက်ရှိနေသော်လည်း အကြမ်းဖက်စစ်အာဏာရှင်များကို ဆန့်ကျင်သူ တော်လှန်ပြည်သူများဟာလည်း လုပ်စရာရှိသော လုပ်ငန်းဆောင်တာ တာဝန်ဝတ္တတရားများကို ဆက်လက် ဖော်ဆောင်လျက်ရှိနေကြပါသည်။ တော်လှန်ရေးဟူသည် မတရားမှုရှိနေသောနေရာတိုင်း၊ အဝန်းအဝိုင်းပတ်ဝန်းကျင်တိုင်းမှာ တည်ရှိနေတတ်သော မွန်မြတ်လှသော လူထုလှုပ်ရှားမှုတစ်ရပ်ဖြစ်တာကြောင့် ဆက်လက်တော်လှန် ဆန့်ကျင်ရုန်းကြွမှုများ ရှိနေမည်သာဖြစ်ပါသည်။ တော်လှန်ရေး၏အဓိကပဲ့ကိုင်ရှင်သည် မည်သည့် အစုအဖွဲ့မှမဟုတ်ဘဲ ပြည်သူလူထုတစ်ရပ်လုံးသာဖြစ်ပါသည်။ ပြည်သူပါသော တော်လှန်ရေးသာလျှင် ထိရောက်အောင်မြင်မှုရှိနိုင်တာဖြစ်ပြီး ပြည်သူ့ထံမှစတင်ဖောက်ပွားလာသော တော်လှန်ရေးတွင်လည်း ပြည်သူကသာ အဓိကဖြစ်ပါတယ်။ ထို့ကြောင့် ယခုလ စကားဝိုင်းဆွေးနွေးပွဲတွင် “လက်ရှိတော်လှန်ရေးအခင်းအကျင်းနှင့် အနာဂါတ်အလားအလာ” ဆိုသည့် ခေါင်းစဉ်အောက်တွင် ရှု့ထောင့်ပေါင်းစုံကနေ ဆွေးနွေးတင်ပြသွားကြမှာ ဖြစ်သည်။
ပါဝင် ဆွေးနွေးမယ့်သူတွေကတော -
- Seng
(Myanmar FORB Network )
- မောင်သုည
(OFMPP)
- ကိုမျိုးသူရ
(ညှိနှိုင်းရေးမှူး - စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)
- မောင်လာနာကာရီ စိုးနေဦး
(BHRN)
တို့ဖြစ်ပြီး
Moderator အဖြစ်
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC)
က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN













