A public awareness panel discussion held online by the BHRN FORB Network and streamed live on the BHRN Facebook page.
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ဘာသာရေးကို အကျိုးစီးပွားအဖြစ် ဘာတွေ အသုံးချနေသလဲ ..၊ နိုင်ငံရေးအလို့ငှာ ဘာသာရေးကို ဘယ်လို အလွဲသုံးစားပြုနေသလဲဆိုတာ ဆွေးနွေးသွားမယ့် BHRN FORB Network ကပြုလုပ်တဲ့ လူထုအသိပညာပေး စကားဝိုင်းကို လာမယ့် ဇွန်လ ၁၅ ရက် (ကြာသပတေးနေ့) မြန်မာစံတော်ချိန် ည ၇ နာရီ (7: 00 Am/ MM Time) မှာ အွန်လိုင်းကနေ ပြုလုပ်သွားဖို့ရှိပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့
🗣️ ဆရာတော် ဦးမေဓာနန္ဒ(မြောင်းမြ)
MA(Interfaith Dialogue)
🗣️ မောင်လာနာ၊ ဟာဖွီးဇ်၊ ကာရီ
ဦးစိုးနေဦး (BHRN)
🗣️ Ps Lian Lam Tuang
(သင်းအုပ်ဆရာ)
🗣️ မနှင်းနှင်းမွှေး
(တွဲဖက် အထွေထွေအတွင်းရေးမှူး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)
တို့ဖြစ်ပြီး
ဆွေးနွေးပွဲကို ကိုရဲဟိန်းအောင် (Burma Civil War Museum)က Moderator အဖြစ် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲ အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားမှာဖြစ်ပြီး
မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), Than Lwin Times နဲ့ Mekhong တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာဖြစ်ပါတယ်။
- BHRN










