A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
ပြီးခဲ့တဲ့ မတ်လ ၂၈ရက် နေ့လယ် ၁၂ နာရီ၄၅ မိနစ်လောက်အချိန် ပြင်းအား ရစ်ခ်တာစကေး ၇ .၇ လှုပ်ခတ်သွားခဲ့ပြီး စစ်ကိုင်း၊ မန္တလေး၊ ကျောက်ဆည်၊ တံတားဦး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တောင်ငူစတဲ့ နေရာတွေမှာ ဘုရား၊စေတီ၊ ဗလီ၊ ချာချ် စတဲ့ ဘာသာရေးအဆောက်အုံတွေအပါအဝင် ပြည်သူတို့ရဲ့ အိုးအိမ်၊ တိုက်တာ၊ လမ်းတံတားတို့ ပြိုကျပျက်စီးကာ သေဆုံးမှု၊ ဆုံးရှုံးမှုမြောက်များစွာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။
အဆိုပါ ငလျင်နှင့်အတူ မြန်မာပြည်သူအများအပြားဟာ လက်ရှိဘဝမှ လက်မဲ့သို့ သက်ဆင်းရောက်ရှိသွားခဲ့ကြရသလို ဘာသာပါင်းစုံက သာသနိကအဆောက်အုံတွေလည်း ပြိုကျပျက်စီးခဲ့ရပါတယ်။ အလားတူ အစ္စလာမ်သာသနာဝင်တို့ရဲ့ နှစ်ပေါင်းများစွာ ပြုပြင်ထိန်းသိမ်းခွင့်မရခဲ့တဲ့ ရှေးဟောင်း ဗလီဝတ်ကျောင်းတော်များလည်း ပြိုကျပျက်စီးခဲ့ရပြီး ပြန်လည်တည်ဆောက်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။
ငလျင်ဒဏ်နှင့်အတူ နိုင်ငံတကာအဝန်းအဝိုင်းကို ရတဲ့အပေါက်ကနေ ဝင်တိုးဖို့ကြိုးစားနေတဲ့ မင်းအောင်လှိုင်နှင့် စစ်အုပ်စုတို့ရဲ့ ငလျင်အခြေပြု အမြတ်ထုတ်မှုများ၊ ငလျင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အိပ်စိုက်အပင်းပန်ခံနေသူများအား ပိုမိုခက်ခဲကျပ်တည်းအောင် ကန့်သတ်နေမှုများ၊ ငလျင်ကူညီကယ်ဆယ်ရေးပစ္စည်းများ ဝေမျှပေးလှူမှုမှာ ပျူစောထီးနှင့်စစ်အုပ်စုလက်ဝေခံများက ကိုယ်ကျိုးရှာအမြတ်ထုတ်နေမှုများ၊ ငလျင်ဘေးပရဟိတအရေးနှင့်အတူ ခေါင်းထောင်နေရာယူကြသော အမျိုးသားရေးအမည်ခံ အကြမ်းဖက်အစွန်းရောက်ခေါင်းဆောင်များ စတဲ့ ငလျင်ဘေးနှင့်အတူ မြန်မာ့လက်ရှိ မြေပြင်အခြေအကြောင်းစုံကို ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များရဲ့ ရှု့ထောင့်အမြင် အတွေ့အကြုံများနဲ့ ဆွေးနွေးဝေမျှသွားကြမှာပဲ ဖြစ်ပါတယ်။
ပါဝင်ဆွေနွေးမယ့်သူများတော့ -
ဆရာတော်ဦးကောဝိဒ (ဂျာမနီ)
မော်လဝီဆရာစိုးနေဦး (BHRN)
သိက္ခာတော်ရ ဆရာ -သရာပေသရု
ဆရာဇွဲ (ဒု- ဥက္ကဋ္ဌ ၊ Myanmar Hindu Union)
တို့ဖြစ်ပြီး
Moderator အဖြစ်
မလင်းလက်ဆူး
(Generation Wave ၊ အထွေထွေ အတွင်းရေးမှူး) က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်(တနင်္လာည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, People’s Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN














