A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
ရိုဟင်ဂျာ ဂျီနိုဆိုက် လူမျိုးတုံးသတ်ဖြတ်ခံရမှု ၆ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် အောက်မေ့ဖွယ်နှင့် ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိစေရေး ရည်ရွယ်ပြီး Burma Human Right Network က တတိယအကြိမ်မြောက်စီစဉ်ပြုလုပ်တဲ့ online စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်ပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုနည်းလမ်းမျိုးစုံနဲ့ လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် (၆) နှစ်ပြည့်ခဲ့ပေမယ့် သတ်ဖြတ်ခံခဲ့ရသူတွေနဲ့ အသက်ရှင်ကျန်ရစ်နေသူတွေအတွက် တရားမျှတမှု တစုံတရာ မရရှိခဲ့သေးပါ။
ရိုဟင်ဂျာတွေဟာ စုတ်ချာလှတဲ့ ဒုက္ခသည်စခန်းများမှာ ငတ်မွတ်ခေါင်းပါးစွာ နေထိုင်နေကြရပြီး ယခုထိတိုင် နေရပ်မပြန်နိုင်သေးဘဲ ဒုက္ခများစွာ ရင်ဆိုင်နေကြရပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာပြီး ပင်လယ်ပြင်ဘက် ခရီးဆန့်သူတွေဟာလည်း ဘေးအန္တရာယ်ပေါင်းများစွာ ရင်ဆိုင်နေကြရသလို မြန်မာပြည်တွင်း ဖြတ်သန်းသူများလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူပြီးချိန်ကစပြီး ရိုဟင်ဂျာများနည်းတူ မြန်မာပြည်အနှံ့ ပြည်သူလူထုတစ်ရပ်လုံး စစ်အုပ်စုရဲ့ ဖိနှိပ်မှုအောက်မှာ ရက်စက်ယုတ်မာမှုပေါင်းများစွာဖြင့် အကြမ်းဖက် သတ်ဖြတ်ခံနေရပါတယ်။
ဒီစကားဝိုင်းမှာ ပါဝင်ဆွေးနွေးကြမယ့် ပုဂ္ဂိုလ်များကတော့
ရိုနေဆန်းလွင်
Co-founder, Free Rohingya Coalition
နှင်းသက်မှူးခင်
Human Rights Defender
Maria Begum
Arakan Gender and Development Society
ဆရာစိုးနေဦး
BHRN
တိုဖြစ်ပြီး
ဆွေးနွေးပွဲကို
ကို ရဲဟိန်းအောင်(Burma Civil War Museum)ကနေ Moderator အဖြစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲ အစီအစဉ်ထုတ်လွှင့်မှုကို ဩဂုတ်လ ၂၉ ရက်(အင်္ဂါနေ့) မြန်မာစံတော်ချိန် ည ၇ နာရီ (ထိုင်းစံတော်ချိန် ည ၇:၃၀ နာရီ)မှာ BHRN FB Page ကနေ Live လွှင့်သွားမှာဖြစ်ပြီး မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Khit Thit Media, Myanmar Press Agency (MPA), Than Lwin Times, Mekhong, People’s Radio Myanmarနဲ့ Federal Journal တို့ရဲ့ FB Page တို့မှာလည်း တပြိုင်နက် တင်ဆက်သွားမှာဖြစ်ပါတယ်။
- BHRN










