A BHRN panel discussion held on Zoom and streamed live on the BHRN Facebook page.
မြန်မာနိုင်ငံရဲ့ သမိုင်းတစ်လျှောက် ပဒေသရာဇ်ကာလ နောက်ဆုံးမင်းဆက် သီပေါမင်းအုပ်ဆိုးစဉ်ကာလအထိ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အတွေးအမြင်အယူအဆပေါင်းစုံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ပဒေသရာဇ်ကာလအလွန် ကိုလိုနီခေတ် ၁၉၃၀ မှာတစ်ကြိမ်၊ ၁၉၃၈ ဇူလိုင်လမှာ စဖြစ်တဲ့ ဒုတိယ အိန္ဒိယ ဗမာ အဓိကရုဏ်းကို ၁၃ဝဝ ပြည့် အရေးတော်ပုံ၊ ရေနံမြေ အလုပ်သမား သပိတ်ကို ရှောင်လွှဲဖို့ ဗြိတိသျှ အစိုးရက ဖန်တီးမှုအဖြစ် မြန်မာသမိုင်းတွေမှာ ဖော်ပြတတ်ပါတယ်။ တကယ်က ဒီအဓိကရုဏ်းဟာ မြန်မာနိုင်ငံကို ဗြိတိသျှ သိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ လူမျိုးရေး တင်းမာမှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။
မြန်မာ့လူမှုအဖွဲ့အစည်းကို လူမျိုးရေး ဘာသာရေးအစွဲကြီးသူတွေဖြစ်လာအောင် ပထမဦးဆုံးစတင်ပြီး အမုန်းတိုက်ခဲ့သူတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီစနစ်ဆိုးလို့ဆိုရမှာပါ။
ကိုလိုနီစနစ်ပြီးနောက် အာဏာရှင် နေဝင်းလက်ထက်မှစလို့ မြန်မာနိုင်ငံမှာ စစ်အုပ်စုနိုင်ငံရေးအကြမ်းအတည်းဖြစ်တိုင်း နိုင်ငံရေးထွက်ပေါက်အဖြစ် ပြည်သူလူထုကို ဘာသာရေး၊ လူမျိုးရေး ထောင်ချောက်များအသုံးပြုကာ သင်းခွဲသပ်လျှိုမှုများပြုလုပ်ကာ အာရုံလွဲတဲ့စနစ်အားဖြင့် မိမိတို့ရဲ့အာဏာတည်မြဲရေးကိုသာ ရှေးရှု့ပြီး အကြံပက်စက်စွာ အသုံးချအမြတ်ထုတ်ခဲ့လို့ ကိုလိုနီခေတ်မှသည် ယနေ့တိုင်အောင် ဘာသာရေးလူမျိုးရေး ပဋိပက္ခအကြိမ်ရေ ၁၀၀ ကျော်အထိရှိခဲ့ရပါတယ်။
အကြမ်းဖက်စစ်အာဏာရှင်များဟာ ရွေးကောက်ပွဲနီးတဲ့အခါတိုင်း၊ မသမာတဲ့ စီမံကိန်းများအကောင်အထည်ဖော်ဖို့ ကြံရွယ်တိုင်း၊ ပြည်သူလူထုရပိုင်ခွင့်တွေကို အမြတ်ထုတ် ဂုတ်သွေးစုပ်ဖို့ ကြံစည်ကြတိုင်း ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖန်တီးကာ အာရုံလွဲနေကျပဲဖြစ်ပါတယ်။
အလားတူ ကမ္ဘာတစ်ဝှမ်းမှာခေါင်းထောင်လာတဲ့ လက်ယာစွန်းအမျိုးသားရေးလှုပ်ရှားမှုလှိုင်းတွေကို အားယူကာ မကြာမီပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို အထောက်အပံ့ဖြစ်ဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံအတွင်း လူမျိုးရေး၊ ဘာသာရေးအမုန်းတရားများကို ဝါဒဖြန့်မှိုင်းတိုက်နေမှုများအား ဘာသာပေါင်းစုံမှ ဆရာတော်များနှင့် မြန်မာပြည်၏ ငြိမ်းချမ်းရေးကို မျှော်ရည်ကြသူများ စုပေါင်းကာ “နိုင်ငံရေး အချိုးအကွေ့များနှင့် အမျိုးသားရေးဝါဒ ခေါင်းထောင်လာမှု”ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီတစ်လ BHRN ရဲ့ စကားဝိုင်းဆွေးနွေးပွဲ အစီအစဉ်မှာ တင်ပြဆွေးနွေးသွားကြမှာပဲဖြစ်ပါတယ်။
ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ -
- ဆရာတော် မင်းသုည
(ဗုဒ္ဓတက္ကသိုလ်)
- မော်လာနာ ဟာဖွီးဇ် ကာရီ ဦးစိုးနေဦး
(BHRN)
- သိက္ခာတော်ရ ဆရာသရာပေသရု
- လိုည်းမွမ့်နွန်း @ နွန်း
(တအာင်းအမျိုးသမီးတက်ကြွလှုပ်ရှားသူ)
တို့ဖြစ်ပြီး
Moderator အဖြစ်
ဦးဇင်း အရှင်တေဇာနန္ဒ (တန့်ဆည်) က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်(ကြာသပတေးည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal, Federal FM, တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာဖြစ်ပါတယ်။
- BHRN
#WhatsHappeningInMyanmar #RejectMilitaryCoup #BHRN
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork













